#Daily_News
Published 17 October 2025
၁။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁.၈၃ သန်းတင်ပို့ရန်လျာထား
၂။ တိုင်းရင်းသားလူမျိုးများ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ရောင်းချမည်
၃။ မကွေးနှင့်စစ်ကိုင်းတိုင်းတို့၌ မိုးတိမ်တောင်များဖြစ်ထွန်းနေ
၄။ တရုတ်နှင့်ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကြားတင်သွင်းတင်ပို့မှုပမာဏ စံချိန်တင်မြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 October 2025
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်း၌ယာဉ်(၂)စီးတိုက်မိ၍ တစ်ဦးေ-သဆုံးကာ
တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၁၆ ရက်နေ့၊ညနေ ၆နာရီ ၅၀မိနစ် အချိန်ခန့်က နေပြည်တော်၊ ဉတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၅၉/၂)၊ ညောင်လွန့်အထကကျောင်းရှေ့တွင် ယာဉ်(၂)စီးတိုက်မိပြီး လူညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် အမျိုးသား(၁)ဦး ေ-သဆုံးတို့အား ပရဟိတသူနာတင်ယာဉ်များဖြင့် တပ်ကုန်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 October 2025
■ TNLA နှင့် PDF ပူးပေါင်းအဖွဲ့များက သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက် အအုံများနှင့် ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ထွက်ပြေးသွားကြောင်း သိရသည်။
■ TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နှင့် ၎င်းဒေသ တစ်ဝိုက်ကိုလည်း ခေတ္တစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သီပေါမြို့နှင့် ၎င်းဒေသတစ်ဝိုက်ကိုပြန်လည် သိမ်းပိုက်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းတွင် သီပေါမြို့ အဝင် Toll Gate သို့ ရောက်ရှိစဉ် မြို့တွင်းမှ မီးခိုးလုံးများ တွေ့ရှိသဖြင့် မြို့တွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အထက်ပါဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
■ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အခြားအဆောက်အအုံများ မီးကူးစက်မှုမရှိစေရေးအတွက် မီးငြှိမ်းသတ်နိုင်ရေးနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်အဖွဲ့နှင့် DPLA ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် မြို့ ၊ ရွာများကို ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ ယင်းသို့ဆောင်ရွက်ခဲ့ပြီး နောင်ချိုမြို့ကို ဇူလိုင်လ (၁၆) ရက်တွင် လည်းကောင်း၊ ကျောက်မဲမြို့ကို အောက်တိုဘာ (၁) ရက် တွင်လည်းကောင်း အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/PP #Yangon_Times
ရက်(၉၀)ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုးတင်ပြခြင်းမရှိတဲ့ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေကို လိုင်စင်ပိတ်သိမ်းသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ Safe Migration Channel က အသိပေးထားပါတယ်။
#Local_News
Published 16 October 2025
#Safe_Migration_Channel
#YMG/SW #Yangon_Times
စက်သုံးဆီတင်သွင်းမှုကိုလျော့ချပြီး ပြည်တွင်းထုတ် ဇီဝလောင်စာဆီများကို အစားထိုးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 16 October 2025
#စက်သုံးဆီ #ဇီဝလောင်စာဆီ
#YMG/NN #Yangon_Times
ရွှေရတု တိပိဋကစက္ခုပါလ မျက်စိဆေးရုံမှ ဆရာဝန်၊သူနာပြုတွေနဲ့ပူးပေါင်းပြီး ဗီယက်နမ်နိုင်ငံကလာရောက်တဲ့ ဆေးပညာရှင်အဖွဲ့ ဟာ ရန်ကုန်မြို့မှာ သံဃာတော်နဲ့ သီလရှင်(၂၀၀၀)ကျော်ကို အခမဲ့ ဆေးစစ်၊ကုသ၊လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 16 October 2025
#ဗီယက်နမ်ဆေးအဖွဲ့ #သံဃာတော်နှင့်သီလရှင်
#YMG/NN #Yangon_Times
မိုးစပါးစိုက်တောင်သူများအနေနဲ့ မြင့်တက်လာတဲ့စိုက်ပျိုးစရိတ်တွေကြောင့် ယခင်နှစ်များထက်စာလျှင် ယခုနှစ်အရှုံးဘက်မှာရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 16 October 2025
#မိုးစပါး #
#YMG/SW #Yangon_Times
Page 125 of 2322