#Local_News
Published_ 1 April 2024
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)အနေဖြင့် နှစ်သစ်ဦးအလှူအဖြစ် ထမင်းနှင့်ဟင်းများကို စတုဒိသာအလှူအဖြစ်လှူဒါန်းကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
အသင်းအနေဖြင့် ယခုလှူဒါန်းမှုမှာ (၁၁)ကြိမ်မြောက် အလှူတော်ဖြစ်ပြီး ထမင်းဖြူဖြူ၊ဆိတ် သားနှပ်၊ပဲဟင်း၊ ခရမ်းချဥ်ပါချတီတို့ကို အဝစားရအောင် ဧည့်ခံကျွေးမွေးလှူဒါန်းမည်ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ နှစ်သစ်ဦးအလှူအဖြစ် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ဧပြီလ(၂)ရက်နေ့ ပန်းပဲတန်းမြို့နယ်၊ရွှေဘုံသာ အောက်လမ်း၊အမှတ်(၄၂/၅၀)ပထမထပ်၌ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး လူမျိုး၊ဘာသာမရွေးလာရောက် သုံးဆောင်နိုင်ကြောင်း သိရသည်။
#Local_News #ရန်ကုန်တိုင်းရွှေအသင်း #နှစ်သစ်ဦးအလှူစတုဒိသာကျွေး #tthl #Yangon_Times
ထိုင်းသင်္ကြန်နဲ့ ပြည်ပကို သွားရောက်မယ့်သူတွေများပြားနေတယ်။ ဧပြီလထဲမှာ ထိုင်း-မြန်မာလေယာဉ်လက်မှတ်တွေ ဘိုကင်အကုန်အပြည့်ဖြစ်နေသလို စင်ကာပူ၊ ကိုရီးယား၊ ဂျပန်သွားမယ့်သူတွေလည်းများပြားနေတယ်။
#Local_News
Published_ 1 April 2024
#ထိုင်းသင်္ကြန် #လေယာဉ်လက်မှတ်များပြည့်နေ
#tthl #Yangon_Times
ကျင်သီတံတားအနီးမှာ ယာယီတံတားဆောက်လုပ်ပြီးစီးကာ စတင်ဖြတ်သန်းနိုင်ပြီဖြစ်တဲ့အတွက် ဒေသခံတွေ သွားလာရေးပြန်လည်အဆင်ပြေနေပါပြီ ဒါပေမယ့် သစ်သားတံတားဖြစ်တဲ့ မိုးတွင်းကျရင်တော့ ချောင်းက ရေစီးသန်ပြီး တောင်ကျရေများရင် တံတားရဲ့ ကြံ့ခိုင်မှုကိုတော့ စိုးရိမ်စရာရှိတယ် ဟု ဒေသခံတစ်ဦးကပြောသည်။
#Local_News
Published_ 1 April 2024
#ယာယီတံတားဆောက်လုပ်ပြီးစီး #ကျင်သီတံတားအနီး
#YMG/LW #Yangon_Times
#Local_News
Published 1 April 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်း ကျပ်သိန်း ပေါင်းလေးသိန်းကျော် နှင့် ကန် ဒေါ်လာ ၄ သန်းကျော်ပမာဏရှိသည့် ဟိုတယ်လုပ်ငန်းများအားခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင်လေးခု၊ ဟိုတယ်တည်ဆောက်ခွင့်တစ်ခု၊ စုစုပေါင်းအခန်း (၄၅၂) ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းအတွက်ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း (၂၀၇, ၄၂၅ ဒသမ ၃၉) နှင့် အမေရိကန် ဒေါ်လာ (၄ ဒသမ ၆၃၀) သန်းဖြစ်ကြောင်း သိရသည်။
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြည်ပ) (၆၄)ခု၊ ခရီးလှည့်လည်ရေးလုပ် ငန်းလိုင်စင်(ပြည်ပ)(၄၂)ခု၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် (၂၁)ခုနှင့် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်(၂၂) ခုတို့ကို အတည်ပြုပေးခဲ့ရာ အတည်ပြုပေးခဲ့သော လုပ်ငန်း လိုင်စင်အားလုံးသည်ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ဟိုတယ်လုပ်ငန်း တွင်(၁၃၉) ဦး၊ ခရီးလှည့်လည် ရေးလုပ်ငန်းတွင်(၂၉၈)ဦး၊စုစု ပေါင်း(၄၃၇)ဦးအတွက်အလုပ် အကိုင် အခွင့်လမ်းများ ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် (၂/၂၀၂၃) တွင်ဘဏ်လုပ်ငန်းလိုင်စင် ခြောက်ခု၊ ဟိုတယ်တည် ဆောက် ခွင့် တစ်ခု ၊ တည်းခိုရိပ်သာလုပ် ငန်းလိုင်စင် နှစ်ခု၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့်တစ်ခု စုစုပေါင်း အခန်း (၄၇၄) ခန်းတို့ ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဖြစ်သော ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြု မတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းကျပ်သိန်း (၂၃၁,၁၁၀) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း(၁၈၉)ဦးသာ ခွင့်ပြုပေးနိုင်ခဲ့သဖြင့် (၁/၂၀၂၄) ကြိမ်မြောက်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပိုမိုခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ဟိုတယ်လုပ်ငန်းများအားခွင့်ပြု #ရင်းနှီးငွေပမာဏ #YMG/ NN #Yangon-Times
'လက်ရှိကျိုက်မရောမြို့နယ်က ကျေးရွာတွေကတိုက်ပွဲရှောင်တွေဟာ မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ ရတနာဘုံပျံကျောင်းအပါအဝင်ဘုန်းကြီးကျောင်း ၁၈ ကျောင်းမှာ တစ်ထောင်ကျော်နဲ့ ချောင်းဆုံမြို့ပေါ်မှာ လူဦးရေ ၄၀၀ကျော်အထိ တိုက်ပွဲရှောင်နေကြတာဖြစ်ပြီး ဘုန်းကြီးကျောင်းတွေက ချက်ကျွေးနေရတာကြောင့် စားနပ်ရိက္ခာနဲ့ရေလိုအပ်ချက်တွေ ရှိနေပါတယ်'
#Local_News
Published_ 1 April 2024
#စစ်ဘေးရှောင် #စားနပ်ရိက္ခာနှင့်ရေလိုအပ်နေ
#YMG/NN #Yangon_Times
ထူးခြားမှုအနေနဲ့ မော်လမြိုင်၊ ကော့သောင်း၊ ထားဝယ်နဲ့ မအူပင်တို့မှာ နှစ်(၇၀)ကျော်ကာလအတွင်း နေ့အပူချိန် အပူဆုံးအဖြစ် အမြင့်ဆုံးအပူချိန်စံချိန်သစ်တွေတင်သွားခဲ့တယ်။ ဒေသ (၁၂)ခု ဧပြီလ ပျမ်းမျှအပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်တယ်။
#Local_News
Published_ 1 April 2024
#အယ်နီညို #ဒေသ(၁၂)ခုပုံမှန်ထက်ပိုပူ
#tthl #Yangon_Times
သင်္ကြန်ကာလအတွက် ကြိုတင်ဝယ်ယူတာတွေကြောင့် ယခင်ကဈေးကျခဲ့တဲ့ ကြက်သွန်ဖြူဈေးကွက်ဟာ ဈေးပြန်ကောင်းလာတယ် ယခင်ရက်တွေထက် တစ်ပိဿာကို ကျပ် ၁၀၀၀ မှ ၁၅၀၀ခန့် ဈေးမြင့်လာတက်တယ်လို့ အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေးမှ တာဝန်ရှိသူက ပြောပါတယ်။
#Local_News
Published_ 1 April 2024
#ကြက်သွန်ဖြူဈေးမြင့်တက် #အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေး
#YMG/LW #Yangon_Times
Page 1015 of 2529