Published_ 29 May 2024
မုတ်သုန်မိုးနှင့် မိုးတိမ်တောင်များကြောင့် ကချင်၊မွန်၊စစ်ကိုင်းအပါအဝင်ဒေသတော်တော်များများ ၌မိုးရွာသွန်းခြင်း၊မိုးသည်းခြင်းနှင့်လေပြင်းတိုက်ခြင်းဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
မနက်ဖြန် မေလ(၃၀)ရက်နံနက်အထိခန့်မှန်းချက်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုဆိုသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။
နောက်(၂)ရက် မေလလ(၃၀)ရက်နှင့်(၃၁)ရက်အတွက်ခန့်မှန်းချက်ကတော့အနောက်တောင်မုတ်သုံလေသည် ကချင်၊ချင်း၊စစ်ကိုင်းအထက်ပိုင်း စသည့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 May 2024
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် CI လျှောက်ထားခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် လ်ိမ်လည်လှည့်ဖျားခြင်းများ ရှိနေသောကြောင့် ထိုသို့ လုပ်ဆောင်သူများကို ဥပဒေနှင်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာလိုက်သည်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်းနှင့်C of I လျှောက်ထားခြင်းကိစ္စရပ်များနှင့် ပက်သက်၍ အခြေနေမှန်ကို မသိနားမလည်သည် မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖျားလိုသူများက Facebook နှင့် Tik Tok များ အသုံးပြု၍ သတင်းအမှား ၊ မမှန်ကန်သည့် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရကြောင်း သံရုံး၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
အဆိုပါလူမှုကွန်ယက်စာမျက်နှာများတွင် သံရုံး၏ အမည်များကိုပါ ထင်ရောင်ထင်မှား ဖြစ်စေရန် ရေးသားခြင်းများ ရှိနေသဖြင့် ယင်းလူမှုကွန်ယက်စာမျက်နှာများ မြန်မာသံရုံးနှင့်လုံဝ သက်ဆိုင်ခြင်းမရှိကြောင်း နှင့်မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖြားနေသူများကို မြန်မာသံရုံးမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
မလေးရှားရောက် မြန်မာနိုင်ငံ သားများ ၏ နိုင်ငံကူးလက်မှတ်နှင့်CI ထုတ်ပေးသည့် ကိစ္စရပ်များ ကို ကွာလာလမ်ပူမြို့ မြန်မာသံရုံး အနေဖြင့် ညွန်ကြားချက်များနှင့်အညီ www.mekl.org တွင်ရက်ချိန်းရယူပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 29 May 2024
လာမည့်ဒီဇင်ဘာလတွင်ကျင်းပမည့် ပဉ္စမအကြိမ် ‘အမျိုးသားအားကစားပွဲတော်’၌ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစားနည်း (၆)နည်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်အားကစားနည်း(၂၃) နည်းဖြင့်ခန့်မှန်း အားကစား သမာ စုစုပေါင်း (၆၅၀၀)ခန့်ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်းသိရသည်။
ယင်းကဲ့သို့ လျာထားဆောင်ရွက်နေကြောင်းကို ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေး ဦးစီး ကော်မတီနာယက နစက၊ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကထည့်သွင်း ပြောကြားချက်အရသိရခြင်းဖြစ်သည်။
‘‘မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန် နယ်ပယ်များစွာရှိသည့်အနက် ကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲမျိုးစုံကို ပုံမှန်ကျင်းပပြုလုပ်ပေးရမည်ဆိုသည့် အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နှစ်များအလိုက် အားကစားပြက္ခဒိန်ရေးဆွဲပြီး ပြိုင်ပွဲများ ကျင်းပပေးခဲ့သည့်အတွက် ယခုကဲ့သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊
အမျိုးသားအားကစားပွဲတော်ဆိုသည့် ဂုဏ်ဒြပ်နှင့်အညီ ပြိုင်ပွဲ ပွဲစဉ်တိုင်း ပြိုင်ဆိုင်မှုပြင်းထန်မည် ဖြစ်သော် လည်း အားကစားစိတ်ဓာတ်၊ အားကစားအဓိဋ္ဌာန်များနှင့်အညီ ယှဉ်ပြိုင်ပြီး တစ်ဖက်ကလည်း မှန်ကန်မျှတပြီး စည်းကမ်းစနစ်ကျသည့် ပြိုင်ပွဲများဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က အငြင်းပွားဖွယ်ရာများမဖြစ်အောင် မှန်မှန်ကန်ကန်မျှမျှတတ စီမံဆုံးဖြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊
သို့မှသာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးနှင့်အတူ အခြားသော နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အဆင့်မီပြီး အဆင့်အတန်းရှိသည့် မျိုးဆက်သစ် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထူးချွန်စွာပေါ်ထွက်လာမည်ဖြစ်ကြောင်း၊
အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်းနှစ်ပိုင်း ဆောင်ရွက်သွားရန် စီမံထားကြောင်း၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲ တွင် အားကစားနည်း ခြောက်နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း (၆၅၀၀)ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးကို မေလ၂၈ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသား အားကစားပွဲတော်ကို နေပြည်တော်တွင် ခမ်းခမ်းနားနား ကျင်းပပေးခဲ့ကြောင်းနှင့်၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့်အမျိုးသားအားကစားပွဲတော်တွင် ပြေးခုန်ပစ် ၊ကြက်တောင် ရိုက်၊ ဘတ်စကက် ဘော၊ဘီလိယက်နှင့် စနူကာ၊ ကာယကြံ့ခိုင်မှု၊လက်ဝှေ့၊စစ်တုရင်၊ ခြင်းလုံး၊စက်ဘီးစီး၊ ဘောလုံး၊ ဖူဆယ်၊ ဝူရူးစသည့်ကစားနည်း(၂၆)နည်းပါဝင်ခဲ့ပြီး မသန်စွမ်းအားကစားနည်းများလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မွေးမြူရေးအတွက် အဓိကထားမွေးမြူတဲ့ ဆိတ်မဈေးကွက်ဟာ မွေးမြူသူနည်းပါး လာတာကြောင့် ယခင်ထက် တစ်ကောင်လျှင် ငွေကျပ်သုံးသောင်းခန့် ဈေးကျလာတယ်လို့ ဆိတ်မွေးမြူသူတွေထံက သိရပါတယ် ။ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းမှာ ရောဂါကျရောက်ပြီး မွေးမြူရေးဆိတ်အများစု သေဆုံးခြင်းနဲ့ အရောင်းဝယ်အေးတာတွေကြောင့် မွေးမြူရေးဆိတ်ဈေးကွက်ဟာ ဈေးကျဆင်းလာတာ ဖြစ်တယ်လို့ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဂျပန်ထီး ကုန်တင်ယာဉ်တွေ မစောတံတားကို ဖြတ်ဖို့ စောင့်ဆိုင်းနေပါတယ်။ ဂျပန်ထီးမှာ အရည် အသွေးပေါ်မူတည်ပြီး Grade အမျိုးအစား(၄)မျိုးရှိတဲ့အနက် Grade A အမြင့်ဆုံးအဆင့်ရှိတဲ့ ထီးအရှည်အလက် (၁၀၀)ကို ကျပ်၉သိန်းခွဲ၊ထီးအတိုအလက်(၁၀၀)ကို ကျပ်(၇)သိန်းခွဲခန့် ပေါက်ဈေးရှိနေတယ်။
Yangon_Times/tthl
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပြည်တွင်း၊ ပြည်ပဈေးကွက်တွေကို ကြက်သွန်နီတင်ပို့တဲ့အခါမှာ သယ်ယူပို ဆောင်တဲ့စရိတ်၊ လမ်းခရီးအခက်အခဲနဲ့ အခုနှစ်အတွင်းမှာ ရောဂါပိုးဒဏ်ကြောင့် အရည်အသွေးပိုင်းဆိုင်ရာကျဆင်းတာ တွေ ရှိခဲ့တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာ ကြက်သွန်နီဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြင်းခြံကုန်စည်ဒိုင်က သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Publicshed 29 May 2024
လှိုင်သာယာအရှေ့ပိုင်းမြို့နယ် မဟာတေဇမုနိစေတီတော်အတွင်း ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းများ ၉၅ရာခိုင်နှုန်းအထိပြီးစီး ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ မဟာတေဇမုနိ စေတီတော်အတွင်း ကမ်းထိန်း လုပ်ငန်း ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဆောင်ရွက် နေခြင်းဖြစ်သည်။
မဟာတေဇမုနိပင်မစေတီတော်အနီး ကမ်းပြိုခြင်းအား ဘိုးပိုင်အခြေ ပြု သံကူကွန်ကရစ် မြေထိန်းနံရံ အလျား ၂၀၀ ပေ တည်ဆောက် ခြင်း၊ ရင်ပြင်တော်အလျား ၁၄၀ ပေ၊ အကျယ် ၂၈ ပေ ချဲ့ခြင်းလုပ်ငန်း ခြင်း ၊ နဂါးရုံဘုရားအနီးတွင် အလျား ၁၅၄ ပေ၊ အနံ ၃၂ ပေ ရှိ ရင်ပြင်တော်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း ၊ အရိပ်ရပင် စိုက်ပျိုးခြင်း၊ အမြင့်ဆုံးဒီရေ တက်လာချိန်တွင်လည်း အပေါ် သို့ ဒီရေမတက်နိုင် စေရန် ဆောင်ရွက်ထား ခြင်းများပြုလုပ်လျှက်ရှိရာလတ်တလောတွင် ယင်း လုပ်ငန်းများအားလုံး ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 927 of 2532