နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက MSME လုပ်ငန်းရှင်တွေ အနေနဲ့လုပ်ငန်းတိုးချဲ့တာ၊ စက်ပစ္စည်းနဲ့ ကုန်ကြမ်းဝယ်ယူလိုပါက
ချေးငွေတွေ လျှောက်ထားနိုင်တယ်လို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က အသိပေးထားပါတယ်။
#Local_News
Published 14 February 2025
#MSMEလုပ်ငန်းရှင် #ချေးငွေလျှောက်ထားနိုင်
#YMG/NN #Yangon_Times
လက်ရှိ ရွှေဈေးမြင့်တက်နေတဲ့ အချိန်ဖြစ်တာကြောင့် ဈေးကွက်အတွင်း အထည်ပျက်ရောင်းချသူများနေတဲ့အပြင် ရွှေလုပ်ကွက်တွေက ကုန်ကြမ်းတွေဝင်နေတာကြောင့် ရွှေကုန်ကြမ်းပေါလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကသိရပါတယ်။
#Local_News
Published 14 February 2025
#အထည်ပျက်ရောင်းချသူများ #ရွှေကုန်ကြမ်းပေါလာ
#YMG/NN #Yangon_Times
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားတည်ဆောက်မှု ၈၀ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 14 February 2025
#မြန်မာ-ကိုရီးယား #(ဒလ)တံတား
#YMG/SW #Yangon_Times
နေပြည်တော်ရှိ ရေပန်းဥယျာဉ်ကို Royal Gardenအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်နေရာမှာ ငွေကျပ် ၁၅ဘီလျံကျော်အကုန်အကျခံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 14 February 2025
#ရေပန်းဥယျာဉ်ကိုအဆင့်မြှင့်တင် #ကျပ်၁၅ဘီလျံကျော်အသုံးပြု
#YMG/SW #Yangon_Times
#Local_News
Published 14 February 2025
▪️ တရုတ်နှင့်ထိုင်းငွေကြေးများဖြစ်သည့် ယွမ်နှင့်ဘတ် ၁၁သိန်းကျော် ကိုမြန်မာနိုင်ငံတော် ဗဟိုဘဏ် မှ ယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်းသိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၂ ကျပ်ဖြင့် တရုတ်ယွမ် ၅၄၈,၄၂၈ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၁ ဒသမ ၅ ကျပ်ဖြင့် ထိုင်းဘတ် ၅၉၇,၅၂၈ ကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၁၃.၃၁၈ သန်း၊ တရုတ်ယွမ် ၉၄၅,၅၈၆၊ ထိုင်းဘတ် ၁၃.၄၁၃ သန်းနှင့် အိန္ဒိယရူပီး ၄.၃၄၂ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 February 2025
▪️ မြောက်ဉက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးအနီးရှိ သီရိရတနာစျေး၌ မီးလောင်မှုတစ်ခု ယနေ့မနက် အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ မနက်၃နာရီ ၅၀မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ သီရိရတနာဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ "အောင်မင်္ဂလာအဝေးပြေးမရောက်ခင် တမှတ်တိုင် စိုက်ပျိုးရေးမှတ်တိုင် အနောက်ကသီရိရတနာစျေးဝန်းမှာ မီးလောင်တာပါ ၊ မီးလောင်အချိန်သိပ် မကြာဘူး "ဟု ဒေသခံတစ်ဦးကပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာငြိမ်းသတ်ခဲ့ရာ၄ နာရီ၁၀ မိနစ်အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး ၄နာရီ ၁၃မိနစ် အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 February 2025
▪️ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်များကို လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထပ်မံအသိပေး ကြေညာထားသည်။
▪️ "လိုင်စင်က လျှောက်တော့ လျှောက်နေကြပါတယ်။ လုပ်ဆောင်ရမယ့် စာရွက်စာတမ်းများတော့ တချို့ကြန့်ကြာနေတာလေးတွေတော့ရှိပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၁၇-၂-၂၀၂၅ ရက်နေ့အထိ (၃)လအတွင်း နောက်ဆုံး လျှောက်ထားရမည့်ရက်သည် ပြည့်မြောက်တော့မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်များကို လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအား လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ၁၈-၁၁-၂၀၂၄ ရက်နေ့မှ စတင်လျှောက်ထားရန် ၇-၁၁-၂ဝ၂၄ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာထားရှိပြီး ဖြစ်သောကြောင့် အဆိုပါလျှောက်ထားမှုများကို ၁၇-၂-၂၀၂၅ ရက်နေ့ထိ (၃)လအတွင်း နောက်ဆုံးထား လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၁၁-၁၂-၂၀၂၄ ရက်နေ့ထုတ် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 376 of 2280