စားသုံးသူရေးရာဦးစီးဌာနကထုတ်ပြန်တဲ့ မတ်လအတွက်ဆန်ရည်ညွှန်းဈေးတွေကျဆင်းလာပြီးနောက်မှာတော့ အရောင်းစင်တာတွေမှာ ရောင်းချတဲ့ ဆန်ဈေးတွေလည်း ကျဆင်းလာပါတယ်။ ၅၀၀၀ ကျပ်အထိ ကျဆင်းလာတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ်။
#Local_News
Published 4 March 2025
#ဆန်ရည်ညွှန်းဈေးများကျဆင်း #စားသုံးသူရေးရာဦးစီးဌာန
#YMG/SW #Yangon_Times
ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့ မော်လမြိုင် - ရန်ကုန် (၈၂)အစုန်အမြန်ရထားခရီးစဉ်တွေအတွက် ကြိုတင်လက်မှတ်တွေကိုပိတ်ရက်မရှိ ရောင်းချပေးနေတယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 4 March 2025
#မော်လမြိုင်အမြန်ရထား #ပိတ်ရက်မရှိရောင်းချပေး
#YMG/NN #Yangon_Times
E-စီးကရက် ၊Vape တွေကို ဥပဒေအရ ထိန်းချုပ်နိုင်ဖို့ဆောင်ရွက်နေတယ်လို့ ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအရ သိရပါတယ်။
#Local_News
Published 4 March 2025
#E-စီးကရက် #Vape
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ၂၃သန်းနဲ့ ထိုင်းဘတ်သန်း၁၅၀ကို နိုင်ငံခြားငွေကြေးစျေးကွက်က တဆင့်ရောင်းချပေးသွားမယ်လို့ ယမန်နေ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 4 March 2025
#စက်သုံးဆီလုပ်ငန်းရှင် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
#Local_News
Published 4 March 2025
▪️ မြန်မာနိုင်ငံတွင် ရှေးခေတ်များစွာကတည်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အပယ်ရတနာဘုရားနှင့် စူဠာမဏိစေတီတို့ရှိ နံရံဆေးပန်းချီများတွင်သနပ်ခါးလိမ်းခြယ်သုံးစွဲမှု တည်ရှိခဲ့ကြောင်းကို လေ့လာတွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ သိရသည်။
▪️ အဆိုပါ နံရံဆေးပန်းချီများသည် သမိုင်းအထောက်အထားများအဖြစ် ခိုင်မာစွာ တည်ရှိပြသလျက်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုအတွက် တန်ဖိုးဖြတ်၍ မရသည့် သမိုင်းအမွေအနှစ်ပုံများဖြစ်ကြောင်း သိရသည်။
▪️ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြုပြင်စောင့်ရှောက်လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန် ပါဝင်သည့် နံရံဆေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီးဖြစ်သည်။
▪️ ထို့အတူ ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စူဠာမဏိစေတီအတွင်းရှိ နံရံဆေးပန်းချီကားများအား သန့်စင်ချေးချွတ်ရာမှ သနပ်ခါးလိမ်းခြယ်နေသောပုံများကို တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 March 2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ယနေ့မနက်ပိုင်းတွင် နေအိမ်မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
မတ်လ ၄ရက်နေ့၊ မနက်၁၀နာရီ ၁၃ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၅၇x၅၈ လမ်း၊ ၂၉ လမ်း(C) တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ၁၀ နာရီ၃၁မိနစ် အချိန်၌ မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ၃၄ မိနစ်အချိန်၌ မီးငြိမ်းခဲ့ ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အပါအဝင် ဆုံးရှုံးမှုတန်ဖိုးများအား ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 March 2025
▪️ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနသည် အမျိုးသမီးအခွင့်အရေးနေ့ကို စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ပံ့ပိုးကူညီပေးထားပြီး မိတ်ဖက်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း၊ ပြောင်းလဲနေသော ကမ္ဘာကြီး၌ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသည့်အလျောက် ကျား,မတန်းတူညီမျှရေး အရေးကိစ္စမှာလည်း အရေးတကြီးထည့်သွင်းစဉ်းစားရမည့် အရာတစ်ခု ဖြစ်ရာ ယင်းအတွက် အလွှာစုံမှ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော စီးပွားရေးရပ်ဝန်းတစ်ရပ်ကိုလည်းကောင်း၊ နောင်လာမည့် မျိုးဆက်သစ်များ အမွေဆက်ခံနိုင်မည့် ပိုမိုသာယာဝပြောသော ကမ္ဘာကြီးကိုလည်းကောင်း ဖန်တီးတည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုနှစ် အမျိုးသမီးအခွင့်အရေးနေ့ကို အမျိုးသမီးများ၏ လူမှုစီးပွား-ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ အခွင့်အရေးများ မြှင့်တင်ရန်၊ အတွေးအမြင်၊ အသိပညာဖလှယ်မျှဝေသော စကားဝိုင်းများ ဖော်ဆောင်ရန်၊ ရည်ရွယ်သည့်ပန်းတိုင် ရောက်ရှိရေးအတွက် ဝိုင်းဝန်းစဉ်းစားအဖြေရှာရန် အစရှိသည့် ဦးတည်ချက်များအပေါ် လွှမ်းခြုံဖြန့်ကျက်နိုင်သော အမျိုးသမီးအကပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲ၊ ဇာတ်လမ်းပြသမှုနှင့် တိုက်ရိုက်ဂီတဖျော်ဖြေပွဲများ ထည့်သွင်းကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အမျိုးသမီးအခွင့်အရေးနေ့၊ ၂၀၂၅ အစီအစဉ်ကို မတ်လ (၈) ရက်၊ မွန်းလွဲ ၃နာရီတွင်ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကျင်းပသွားမည်ဖြစ်ရာစိတ်ဝင်စားသူ မည်သူမဆို အခမဲ့ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 354 of 2280