မန္တလေးငလျင်ဒဏ်ကြောင့် စိတ်ဒဏ်ရာရရှိသူတွေကို မန္တလေးပြည်သူ့ဆေးရုံကြီးရှိ(ယာယီ)စိတ်ကျန်းမာရေးအရေးပေါ်ကုသရေးအဖွဲ့မှာ ကုသပေးနေတယ်လို့ Mental Health Team က သိရပါတယ်။
#Local_News
Published 08 Apirl 2025
#စိတ်ဒဏ်ရာရရှိသူများ #(ယာယီ)စိတ်ကျန်းမာရေးအရေးပေါ်ကုသရေးအဖွဲ့
#YMG/NN #Yangon_Times
#Local_News
Published 8 April 2025
▪️ ဧပြီလ ၉ ရက်မှ စတင်ကာ မန္တလေးမြို့၊ ၃၀ လမ်း၊ ၈၂-၈၃ လမ်းကြားရှိ ဖူကျင် ဗုဒ္ဓဘာသာဘုရားကျောင်းတွင် တရုတ်ပရဟိတဆရာဝန်များအဖွဲ့ က ၁၀ရက်ကြာ အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ တရုတ်နိုင်ငံ ပရဟိတဆရာဝန်များနှင့်ဖွဲ့စည်းထားသော ကယ်ဆယ်ကုသရေးအဖွဲ့မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ အထိ၊ ညနေ ၂ နာရီခွဲမှ ၅ နာရီခွဲအထိ အခမဲ့ ဆေးကုသပေးသွားမှာဖြစ်ပြီးကျန်းမာရေးအကြံပေးခြင်း၊ ဒဏ်ရာပြုစုကုသခြင်း၊ သားဖွားမီးယပ်စစ်ဆေးခြင်း၊ ဆေးဝါးဆိုင်ရာအကြံပေးခြင်း၊ CT ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ECG ရိုက်ခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်သောကြောင့် ဆေးဝါးအကူအညီလိုအပ်သူများအနေဖြင့်လာရောက်ကုသနိုင်ကြောင်း သိရသည်။
▪️ ကုသပေးမည့် ပရဟိတဆရာဝန်များအဖွဲ့တွင် ပေကျင်းမြို့နှင့် တရုတ်နိုင်ငံအနှံ့မှ အဆင့်မြင့်ဆေးရုံကြီးများ(Grade-A tertiary အဆင့်) မှ အကြီးတန်း ဆရာဝန်ကြီးများ နှင့် ဒုတိယ အကြီးတန်း ဆရာဝန်ကြီးများပါဝင်ပြီး ဆရာဝန်ကြီးများ၏ အထူးကုဘာသာရပ်များမှာ အထွေထွေ (နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)၊ အရိုး၊ သားဖွားမီးယပ်၊ ခွဲစိတ်(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော)၊ မေ့ဆေး စသည်တို့ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံရှိ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်ဒေသအများစုမှာမိုးအသင့်အတင့် ကနေ မိုးများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဒီကနေ့မှာ သုံးသပ်ထားပါတယ်။
#Local_News
Published 08 Apirl 2025
#ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင် #မိုးအသင့်အတင့်မှမိုးများနိုင်
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေရဲ့ အလုပ်လုပ်ကိုင်ခြင်းနဲ့ သက်ဆိုင်တဲ့ကာလရှည် နေထိုင်ခွင့် လက်မှတ် (COE)သက်တမ်း ကို လတ်တလောမှာ ၃လကနေ ၆လအထိတိုးမြင့်ပေးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ယနေ့ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 08 Apirl 2025
#ကာလရှည်နေထိုင်ခွင့်သက်တမ်း #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
ငလျင်လှုပ်ပြီး လအတန်ကြာချိန်ထိ ကလေးငယ်တွေ ပုံမှန်ပြန်ဖြစ်ဖို့ အခက်အခဲတွေရှိပါက ကျွမ်းကျင်ပညာရှင်တွေနဲ့ ချိတ်ဆက်ကြဖို့ UNICEF Myanmar ကအကြံပြုထားပါတယ်။
#Local_News
Published 08 Apirl 2025
#ပညာရှင်များနှင့်ချိတ်ဆက်ရန်အကြံပြု #ကလေးများပုံမှန်ပြန်ဖြစ်ချိန်ကြာ
#YMG/NN #Yangon_Times
#Local_News
Published 8 April 2025
▪️ မန္တလေးငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အမေရိကန်ပြည်ထောင်စု၊Samaritan's Purse Medical Teamမှ မန္တလေးမြို့ရှိ ရွှေကြာပင် ဘောလုံးကွင်းနှင့် အားကစားရုံတွင်ယာယီဆေးရုံဖွင့်လှစ်ကုသပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ အမေရိကန်ပြည်ထောင်စု၊Samaritan's Purse Medical Team သည် ရွှေကြာပင် ဘောလုံးကွင်းနှင့် အားကစားရုံတွင် ဖွင့်လှစ်ထားသော ယာယီဆေးရုံတွင် ဧပြီရက်နေ့၊ နေ့လယ်ပိုင်းတွင် ငလျင်ဘေးသင့် အရိုးလူနာ (၄)ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 April 2025
▪️ ငလျင်ဒဏ်သင့်ဒေသများ၌ သောက်သုံးရေ အခက်အခဲအတွက် မီးသတ်ဦးစီးဌာနမှ ရေကားများဖြင့် ရေရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ရေရရှိရေး ကူညီဆောင်ရွက်ပေးရာတွင် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးမှုများရှိခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အိမ်ရာများ၏ရေအခက်အခဲအတွက် မီးသတ်ကားများဖြင့် ရေရရှိရေးဆောင်ရွက်ပေးလျှက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး တို့အပါအဝင် ငလျင်ဒဏ်ကြောင့် ရေအခက်အခဲဖြစ်ပေါ်ပါက မီးသတ်ဦးစီးဌာနများသို့ အကူအညီတောင်းခံနိုင်ကြောင်း၊ ဌာနအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရေရရှိရေးအတွက် ငလျင်ဒဏ်မသင့်သောတိုင်းဒေသကြီး / ပြည်နယ်များမှ ရေကားများကို တောင်းခံဖြန့်ခွဲပေးထားရာ အဆိုပါ ကားများဖြင့် ရေပေးဝေရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ပေးလျှက်ရှိရာတွင် အခမဲ့ကူညီဆောင်ရွက်ခြင်းဖြစ်ပြီး ငွေတောင်းခံမှုများရှိပါက တိုင်ကြားနိုင်မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
#YMG/SW #Yangon_Times
Page 307 of 2279