#Local_News
Published - 5 August 2022
ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ ယခင်နေ့ထက်ထပ်မံကျဆင်းခဲ့ပြီး ကျပ် ၁၇၀၀ အောက်ကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
သြဂုတ် ၄ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၁၇၃၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၆၈၀ ကျပ်သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၈၀၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၄၀ ကျပ်သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် သြဂုတ်လ ၄ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၁၉၉၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၅၀ ကျပ်ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၅ ရက်) တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၉၀ ကျပ်အထိ အနည်းငယ်စျေးမြင့်တက်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _5 August 2022
မလေးရှားနိုင်ငံ KLIA ထိန်းသိမ်းရေးစခန်းနှင့် BELANTIK ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၉၈ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံပြန်ပို့ခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတွေဟာ ပြစ်ဒဏ်ကျခံပြီးထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံရပြီး ယင်းထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား အထောက်အထားပြည့်စုံသူများကို မြန်မာသံရုံးအစီအစဉ်ဖြင့်နေရပ်ပြန်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းမှ သွားရောက်သည့် မြန်မာနိုင်ငံသားများဟာ မလေးရှား-ထိုင်းနယ်စပ်မှာ အဖမ်းခံရမှုတွေလည်း မကြာခဏဖြစ်ပွားနေလျက်ရှိသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 5 Aug 2022
အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှစ၍ ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိရာ ဒီကနေ့နံနက်ပိုင်းက ကျင်းပတဲ့ ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မမြတ်နိုးအိမ်က ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာတက္ကသိုလ် အားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ရယူပေးခဲ့တဲ့ မမြတ်နိုးအိမ်သည် မန္တလာတက္ကသိုလ် စတုတ္ထနှစ်သမိုင်းဘာသာရပ်အထူးပြု ကျောင်းသူတစ်ဦးဖြစ်ပြီး မြန်မာတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့အနေဖြင့် ဝူရှူး အားကစားနည်း (၄) မျိုးကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရပါတယ်။
ထို့ပြင် အာဆီယံတက္ကသိုလ်အားကစားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီကနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မြန်မာနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းနှင့် လာအိုနိုင်ငံတက္ကသိုလ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ၄ ဂိုး ၃ ဂိုး (ပင်နယ်တီအဆုံးအဖြတ်)ဖြင့် အနိုင်ရရှိကာ တတိယဆု ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group.
#Local_News
Published -4 August 2022
ပြည်ပကို ငါးတင်ပို့သူတွေအနေနဲ့ နိုင်ငံခြားငွေလဲနှုန်းသတ်မှတ်ချက်၊ စက်သုံးဆီလိုအပ်ချက်တွေကြောင့် ပြည်ပကိုရေထွက်ကုန်တင်ပို့တဲ့နေရာမှာ အခက်အခဲတွေ့နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _4 August 2022
အမေရိကန် ဒေါ်လာဈေးမြင့်တက်လာမှုနဲ့အတူ ပို့ကုန်တင်ပို့မှု မူဝါဒ ကန့်သတ်ချက်တွေကြောင့် ပြည်ပကို တင်ပို့ရန်ကျန်ရှိနေသေးတဲ့ ပြောင်းတန်ချိန် စုစုပေါင်း ၂သိန်းကျော် ပြောင်းကုန်သည်တွေဆီ ကျန်ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA အဖွဲ့ဝင်တွေက ဖမ်းသွားတာ နှစ်ညရှိပြီ ဖြစ်ပေမဲ့ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို အခုထိ မသိရသေးဘူးလို့ ALP ရဲ့ တာဝန်ရှိသူက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းအတွင်းမှာ သံဃာတော်တစ်ပါးရဲ့ ရုပ်အလောင်းကို မနေ့က သြဂုတ်လ ၃ ရက်နေ့မှာ သန့်ရှင်းရေးလုပ်သားတွေက တွေ့ရှိခဲ့တာပါ။
#Yangon_Media_Group
Page 2102 of 2475