စူပါတိုင်ဖွန်းကြောင့် နေရာကွက်ပြီးမိုးကြီးနိုင်တာကြောင့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေသတိပြုကြဖို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က
ယမာန်နေ့ သတိပေးထားပါတယ်။
#Local_News
Published 22 September 2025
#စူပါတိုင်ဖွန်း #မိုးကြီး
#YMG/NN #Yangon_Times
#Local_News
Published 22 Sept 2025
▪️ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူမြတ်စွာဘုရားတို့ကို ယမန်နေ့ မနက် ၇ နာရီတွင် အင်းသားရိုးရာဆွဲလှေ (၄၆)စီးဖြင့် ရေလမ်းခရီး ပင့်ဆောင်ပူဇော်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနား ပထမပိုင်းကို ယမာန်နေ့ မနက် ၄ နာရီက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
▪️ အဆိုပါ အခမ်းအနားသို့ ကြွရောက်လာကြကုန်သော မိုင်းသောက်ပထမစာသင်တိုက် ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့ အမှူးပြုသော ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နမ့်ဟူးကျောင်းဆရာတော် ဦးဝိဇယအရှင်မြတ်က မာရ်အောင်မင်္ဂလာ ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။
▪️ ထို့နောက် တောင်ခြေကျောင်းဆရာတော် ဦးကောဝိဒက ကောင်းတင်းခြိမ့်ညံ ကြွေးကြော်သံ ဂါထာတော်နှင့် ရွှေဉာဏ်တော်ဖွင့်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များအား အနေကဇာတင်တော်မူကြသည်။
▪️ ၎င်းနောက် ဧည့်သည်တော်ကြီးများက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ခေတ္တရပ်နားခဲ့သည်။
▪️ ယင်းနောက် မနက် ၆ နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မိုင်းသောက် ပထမစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူပန်ဆင်ကြသည်။
▪️ ထို့နောက် ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံပါမည့်အကြောင်း ပင့်ပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လည်းကောင်း၊ ဒုတိယအဆူကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက လည်းကောင်း၊ တတိယအဆူကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက လည်းကောင်း၊ စတုတ္ထအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ကလည်းကောင်း အသီးသီးအစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
▪️ အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူတို့အား မနက် ၇ နာရီတွင် အင်းသားရိုးရာဆွဲလှေ (၄၆)စီးဖြင့် ရေလမ်းခရီး ပင့်ဆောင်ပူဇော်ကြပြီး ယနေ့တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်၍ စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
#YMG/NN #Yangon_Times
တစ်နိုင်ငံလုံးမှာ ကော်ဖီသီးနှံဧကခြောက်သောင်းကျော် စိုက်ပျိုးထားပြီးဆက်လက်တိုးချဲ့စိုက်ပျိုးနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ် ။
#Local_News
Published 22 September 2025
#ကော်ဖီ
#YMG/NN #Yangon_Times
နှစ်လခန့်ဆက်တိုက်မြင့်တက်ခဲ့တဲ့ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးဟာ ယခုတစ်ပတ်မှာတော့ပြောင်းလဲမှုမရှိဘဲ စတင်တည်ငြိမ်လာတာကို စားသုံးသူရေးရာဦးစီးဌာနမှအပတ်စဉ်ထုတ်ပြန်တဲ့ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 22 September 2025
#စားအုန်းဆီ
#YMG/SW #Yangon_Times
လာမယ့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တောင်ကြီးမြို့ကိုSafety, Smart And Happiness City အဖြစ်ဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူနေတယ်လို့ သိရပါတယ်။
#Local_News
Published 22 September 2025
#တောင်ကြီးမြို့ #Safety, Smart And Happiness City
#YMG/SW #Yangon_Times
#Daily_News
Published 22 September 2025
၁။ ဆက်တိုက်မြင့်တက်ခဲ့သည့် စားအုန်းဆီရည်ညွှန်းဈေးတည်ငြိမ်လာ
၂။ ကော်ဖီသီးနှံ ဧကခြောက်သောင်းကျော်စိုက်ပျိုးထား
၃။ စူပါတိုင်ဖွန်းကြောင့်နေရာကွက်၍ မိုးကြီးနိုင်ကာ သဘာဝဘေးသတိပြုရန်လိုဟုဆို
၄။ တရုတ်လေတပ်၏(၂၀၂၅)လေကြောင်းပြပွဲ ချန်ချွန်း၌စတင်ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 September 2025
▪️ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Art Center - Yangon) တည်ဆောက်ရာတွင် ငလျင်ရစ်(ခ်)တာစကေး ၈ ဒသမ ၀ ခံနိုင်ရည်ရှိအောင်ဆောင်ရွက်ရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မှာကြားခဲ့ကြောင်းသိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ အနုပညာဗဟိုဌာန တည်ဆောက် မှုလုပ်ငန်းများကို ယမန်နေ့ကသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အနုပညာဗဟိုဌာန (Myanmar Art Center- Yangon) ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက်သော ယဉ်ကျေးမှု ပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာ ဖျော်ဖြေမှုများ၊ အနုပညာနှင့် ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာ ပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင်လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေမည့် အနုပညာဗဟိုဌာနတစ်ခုဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 151 of 2323