ယခုလ အတွင်းမှာလည်း ကချင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနသာ်ရီတိုင်းတွေမှာ မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် မြစ်ရေမြင့်တက်ခဲ့
-ဧရာဝတီမြစ်ရေဟာ ရွှေကူ၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဉီး၊ ဆိပ်သာ၊ ဟသာ်တနဲ့ ဇလွန်မြိုတို့မှာ တစ်ကြိမ်ခန့်စီနဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နိုင်
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
Published_ 28 July 2023
လေးနှစ်တစ်ကြိမ်ကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (19th Asian Games 2022)ကို တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံမှ သိရသည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံမှ လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့ သွားရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ၊ ဘောလုံးမဲခွဲ ရလာဒ်အရ လက်ရွေးစင်အမျိုးသား ဘောလုံး အသင်းအနေဖြင့် အုပ်စု(က)တွင် ကစားရမည်ဖြစ်ပြီး၊ အိမ်ရှင် တရုတ်နိုင်ငံ ၊ ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံအသင်းတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အလားတူ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် မံခွဲ ရလာဒ်အရ အုပ်စု(င)တွင် ကစားရမည်ဖြစ်ကာ၊ တောင်ကိုရီးယားနိုင်ငံ၊ ဟောင်ကောင် နှင့် ဖိလစ်ပိုင်နိုင်ငံ အသင်းတို့ဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို အာရှအိုလံပစ်ကောင်စီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲကို ၁၉၅၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်၊။
အာရှ အားကစားပြိုင်ပွဲသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ၏ အသိအမှတ်ပြုခြင်းကို ရရှိထားပြီး၊ အာရှတိုက်တွင်အကြီးဆုံးအားကစားပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times



ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဇီ အားခန့်အပ်
မြန်မာယူ-၂၀ အသင်းကို နယူးဇီလန်နိုင်ငံမှာကျင်းပခဲ့တဲ့၂၀၁၅ ဖီဖာ ယူ-၂၀ အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
ယနေ့ မွန်းတည့်မှစ၍ နောက်တစ်ရက်အတွင်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးဇလ သတိပေး
မိုးလေဝသ ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ဒေါ့ဆူရီ”ဟာ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်နေ
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
Published-28 July 2023
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြောင်းရွှေ့ခြင်းနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တွေ့ဆုံခဲ့သည့်သတင်း ကို ကြားသိခဲ့ခြင်းမရှိဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က နေပြည်တော်အချုပ်ထောင်မှ အဆင့်မြင့် အိမ်ရာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ ကြောင်းနှင့် ဦးတီခွန်မြတ်တို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာသတင်းအချို့ကို ကိုးကား၍ မီဒီယာများတွင် ရေးသားနေသည့်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
"ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာနဲ့ ဦးတီခွန်မြတ်နဲ့တွေ့ဆုံတဲ့သတင်းနဲ့ ပတ်သက် ပြီး တစ်စုံတရာ ကြားသိရမှုမရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ယင်းအပြင် ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက နစက ဥက္ကဌနှင့် တရုတ်အစိုးရ၏ အာရှရေးရာ အထူး ကိုယ်စား လှယ် Deng Xijuan တို့တွေ့ဆုံခဲ့ကြပြီး အာရှရေးရာ အခြား သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့်လည်း အထူးကိုယ်စား လှယ် Deng Xijuan အနေဖြင့် တွေ့ဆုံရန်သာ ရှိနေသေးကြောင်းလည်း ယင်းကပြောသည်။
“အာရှရေးရာ အထူး ကိုယ်စား လှယ်နဲ့ နစက ဥက္ကဌ ဒီနေ့မနက်မှာတွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် လိုက်လံ ဆောင်ရွက်နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။
အဲဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ အသေးစိတ် ဆွေးနွေး ဖြစ်ပါတယ်။ပြီးရင် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖြစ်ပါတယ်။
တရုတ် -မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးတိုးတက် ကောင်းမွန်နေမှုနဲ့ ဆက်လက်ပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့အတွက် အသေးစိတ်ဆွေးနွေးဖြစ်ပါတယ်။
သူ့အနေနဲ့ကတော့ ဗိုလ်ချုပ်ရာပြည့် ဦးစီးတဲ့ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့တွေ့ခဲ့ပြီးပါပြီ။ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
ကျန်တဲ့တွေ့ဆုံမှုတွေတော့မရှိပါဘူး”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
Yangon_Times/MLT
#Local_News
#YMG #Yangon_Times



ကမ္ဘာ့အဆင့် ၁၂၈ ရှိတဲ့ တောင်အာဖရိက ကြက်တောင်မယ်ကို အမှတ်အသာစီးဖြင့် အနိုင်ရခဲ့ပြီး ၁၆ ဦး အဆင့်သို့တက်ရောက်
သက််ထားသူဇာအနေနဲ့ ၁၆ ဦးအဆင့်မှာ ကမ္ဘာ့အဆင့် ၁၁၇ ရှိတဲ့ ဂျပန်ကြက်တောင်မယ်နဲ့ ယှဉ်ပြိုင်ကစားသွားမည်
Yangon_Times/my
#Local_News
#Published_ 28 July 2023
#YMG #Yangon_Times
Published-28 July 2023
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ပြည်သူ ၈၈၀၀ ကျော်ရှိ၍ မီးလောင်မှုကြောင့် လူသေဆုံးသူ ၅၅ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏စာရင်းများအရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဇန်နဝါရီလမှ ဇွန်လအထိ ၆လကာလ (နှစ်ဝက်အ တွင်း) မီးလောင်မှုအကြိမ်ရေ ၉၄၂ကြိမ် ဖြစ်ခဲ့ပြီး မီးလောင်မှုကြောင့် အိမ်၊ စက်ရုံ၊ အလုပ်ရုံများအပါအဝင် အ ဆောက်အဦး ၂၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့၍ မီးဘေးသင့်ပြည်သူ ၈၈၅၂ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၆ဦးနှင့် သေဆုံးသူဦးရေ ၅၅ဦးရှိခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၃.၆၆ ဘီလီယံရှိခဲ့ကြောင်း မီးစတင်လောင် ကျွမ်းရသည့်အဓိကအကြောင်းရင်းများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးနှင့် မိုးကြိုးပစ်ခြင်း တို့ကြောင်းဖြစ်ကြောင်းလည်းသိရသည်။
ယခုနှစ်ဝက်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည့်အနက် ဧပြီလတွင်မီးလောင်ကျွမ်းမှုအများဆုံး ၂၀၅ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times

Page 1465 of 2529