#Local_News
Published 27 September 2025
▪️ (၁၈) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ကားအရောင်းပြပွဲကြီး၌ အိမ်နှင့်ကားများကိုအရစ်ကျစနစ်ဖြင့် ဝယ်ယူ နိုင်ပြီဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ (၁၈)ကြိမ်မြောက် မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့်ကားအရောင်းပြပွဲကြီးကို ရန်ကုန်မြို့ရှိ LOTTE HOTEL Ground Floor ၊ Crystal Ballroom ၌ စက်တင်ဘာ ၂၇ နှင့် ၂၈ နေ့များတွင် ကျင်းပနေခြင်းဖြစ်သည်။
▪️ "ဒီအရောင်းပြပွဲကို ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းမိသားစုတွေ ၊ အိမ်ငှားဘဝကနေ အိမ်ပိုင်နှင့် ကားပိုင် နေထိုင်လိုသူတိုင်းအတွက် အဆင်ပြေစေရန်ရည်ရွယ်ပြီး ကျွန်တော်တို့ iMyanmarHouse နဲ့ CarsDB တို့မှ စီစဉ်ကျင်းပပေးတာ ဖြစ်ပါတယ် " ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse နှင့် CarsDB တို့၏ Group CEO ဖြစ်သူ ဦးနေမင်းသူက ပြောသည်။
▪️ ထို့အပြင် အထူးအခွင့်အရေးအဖြစ် လစဉ် (၇) သိန်းကျော်သွင်းရုံဖြင့်ဝယ်ယူနိုင်မည့် ရန်ကုန်မြို့နယ်စုံမှ ဆောက်လုပ်ဆဲ ၊ ဆောက်လုပ်ပြီးအသင့်နေအခန်းများ ဝယ်ယူနိုင်ခွင့်၊ 1 sqft သိန်းဂဏန်းပေါက်နေသည့် အချိန်တွင် မြန်မာကျပ်ငွေ (၆) သောင်းကျော် ၊ (၇) သောင်းဝန်းကျင်ဖြင့် စတင်ဝယ်ယူနိုင်မည့် မြေကွက်များ၊ ရန်ကုန်၊ မြဝတီမြို့နှင့် ပင်းတယမြို့များရှိ ပိုင်ဆိုင်မှုခိုင်မာသည့်မြေကွက်များ၊ သိန်း (၂၀၀၀) ကျော်မှ စတင်ဝယ်ယူနိုင်မည့် အသင့်နေကွန်ဒိုအခန်းများ၊ Luxury Lifestyle ကြိုက်နှစ်သက်သူများအတွက် Luxury Condo နှင့် လုံးချင်းအိမ်များ၊ တန်ဖိုးသင့် Apartment အခန်းများကို တစ်နေရာတည်းတွင် စုံစုံလင်လင်လေ့လာနိုင်ကြောင်းသိရသည်။
▪️ " Home Loan ရဲ့အဓိက အားသာချက်ကတော့ အိမ်ဝယ်ဖို့ ငွေအလုံးအရင်းမလိုအပ်ဘဲ အတိုးနှုန်းအသက်သာဆုံး လစဉ်ပေးသွင်းငွေဖြင့် အိမ်ပိုင်နိုင်မှာဖြစ်ပြီး Auto Laon များကိုလည်း မိမိတို့ လိုချင်တဲ့ Car Brand ကို ငွေအလုံး အရင်းသုံးဖို့မလိုဘဲ လစဉ်အရစ်ကျစနစ်ဖြင့် ချက်ချင်းလက်ဝယ်ပိုင်နိုင်မှာဖြစ်ပါတယ်" ဟု ၎င်းကဆက်ပြောသည်။
▪️ ၎င်းအပြင် ပွဲရက်အတွင်း တစ်ထိုင်တည်း Home Loan လျှောက်ထားနိုင်ပြီး အလားတူ လစဉ် (၁၀) သိန်းကျော်သွင်းရုံဖြင့် ကြိုက်နှစ်သက်ရာ ကား Brand New များစွာ ရွေးချယ်ဝယ်ယူနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ပြပွဲအတွင်း 2025 Model အသစ်စက်စက် EV ကားများ ၊ ဆီကားများ၊ ကားလည်းရ ၊ Income လည်းရ Investment အတွက်ခိုင်မာသည့် EV Taxi များကို ဘဏ်များဖြင့်ချိတ်ဆက်၍ အရစ်ကျစနစ်များ၊ အထူးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်မည့်အပြင် ပြပွဲကြီးအတွင်း ကားသစ်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မောင်းနှင်နိုင်မည့် (Test Drive) အခွင့်အရေးကြီးလည်းရရှိမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာသီလဝါ အက်အီးဇက် ဟိုးဒင်းပတ်ပလစ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(MTSH)က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုခွဲဝေပေးရမှာ အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၁၉၀ ကျပ်သတ်မှတ်ခွဲဝေပေးမယ်လို့ သိရပါတယ်။
#Local_News
Published 27 September 2025
#မြန်မာသီလဝါ #အက်အီးဇက်ဟိုးဒင်းပတ်ပလစ်
#YMG/SW #Yangon_Times
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားရဲ့ ခွင့်ပြုရေလမ်းကင်းလွတ်အမြင့်ကို (၄၄)မီတာအဖြစ် သတ်မှတ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 27 September 2025
#မြန်မာ-ကိုရီးယား #ဒလတံတား
#YMG/SW #Yangon_Times
#Daily_News
Published 27 September 2025
၁။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ရေလမ်းကင်းလွတ်အမြင့်ကို (၄၄)မီတာသတ်မှတ်
၂။ MTSH က အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု (၁၉၀)ကျပ်သတ်မှတ်
၃။ မုန်တိုင်းငယ်အရှိန်ကြောင့်၂၄နာရီအတွင်း ဒေသအချို့တွင် မိုးကြီးပြီးရုတ်တရက်ရေကြီးနိုင်
၄။ ရှင်ကျန်အွီဂွယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်းနှစ်(၇၀)ပြည့်ပွဲအား ရှီကျင့်ဖျင်တက်ရောက်ဂုဏ်ပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံကထွက်ရှိတဲ့ သရက်သီးတွေကို တောင်ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုကဝယ်ယူဖို့ကမ်းလှမ်းလာတာကြောင့် ပြည်တွင်းက တင်ပို့လိုသူတွေကို အခုလနောက်ဆုံးထား လျှောက်ထားကြဖို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
#Local_News
Published 26 September 2025
#တောင်ကိုရီးယား #သရက်သီး
#YMG/NN #Yangon_Times
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှာကျင်းပခဲ့တဲ့ (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာ့ဆန်အမျိုးအစား (၂၀)ခန့် ပါဝင်ပြသခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ကသိရပါတယ်။
#Local_News
Published 26 September 2025
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #တရုတ်-အာဆီယံကုန်စည်ပြပွဲ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုနယ်က ပြည်သူ့ရင်ပြင်မှာသီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို လာမယ့် အောက်တိုဘာလ (၄) ရက်မှ (၇) ရက်အထိ (၄) ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 September 2025
#MSME #သီတင်းကျွတ်ဈေးရောင်းပွဲတော်
#YMG/SW #Yangon_Times
Page 145 of 2323