#World_Health
Published 26 January 2026

■ ခန္ဓာကိုယ်ထဲက နေ့ညလည်ပတ်မှုစက်ဝန်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေတို့ကြား ဆက်စပ်နေတဲ့အကြောင်း တွေ့ရှိထားပါတယ်။

■ နေ့ညလည်ပတ်မှုစက်ဝန်းဆိုတာက ၂၄ နာရီအတွင်း အိပ်ချင်လာတဲ့အချိန် နိုးကြားတဲ့အချိန်တို့ကို အဆုံးအဖြတ် ပေးပါတယ်။

■ နေ့ညလည်ပတ်မှုစက်ဝန်း အားကောင်းသူတွေဟာ အိပ်ချိန် နိုးကြားချိန်ပုံစံတွေက တသမတ်နီးပါး ဖြစ်နေပါတယ်။

■ လည်ပတ်မှုစက်ဝန်း အားနည်းသူတွေဟာတော့ အိပ်စက်မှုနဲ့ လှုပ်ရှားမှုအချိန်တွေက ပြောင်းလဲနေတတ်ပါတယ်။

■ နေ့ညလည်ပတ်မှုစက်ဝန်း နှောင့်ယှက်ခံရတဲ့အခါ ဒီမန်ရှာလိုမျိုး အာရုံကြောချို့ယွင်းရောဂါများ ဖြစ်လာနိုင်တယ်လို့ သုတေသနပြုစုသူ ဝင်ဒီဝမ်က ပြောပါတယ်။

■ သုတေသီတွေက လူပေါင်း ၂ ထောင်ကျော်ထံမှ အချက်အလက်များ လေ့လာခဲ့ကြရာ ၁၇၆ ဦးက ဒီမန်ရှာရောဂါ ဖြစ်လာကြပါတယ်။

■ နေ့ညလည်ပတ်မှုစက်ဝန်း အားနည်းသူတွေက ဒီမန်ရှာဖြစ်နိုင်ခြေ ၂ ဆခွဲလောက် ပိုများနေခဲ့ပါတယ်။

■ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်နောက်ပိုင်း လှုပ်ရှားမှုအများဆုံး ရှိသူတွေဟာ ဒီထက်ပိုစောတဲ့အချိန်မှာ လှုပ်ရှားမှုအများဆုံး ရှိသူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်း ပိုများနေပါတယ်။

■ နေထိုင်စားသောက်မှုပုံစံ ထိန်းချုပ်ခြင်း၊ အလင်းကုထုံးစတဲ့ နေ့ညလည်ပတ်မှုစက်ဝန်းကို အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေ ရှာဖွေကာ ဒီမန်ရှာဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

■ ဒီမန်ရှာရောဂါဖြစ်သူတွေ သိသိသာသာ မြင့်တက်လာပြီး ၂၀၆၀ ခုနှစ်မှာ နှစ်စဉ်ရောဂါဖြစ်ပွားသူအသစ် တစ်သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Source: New York Post