#World_News
Published 18 October 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ပဋိပက္ခရေးရာ ၈ ခုကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အကြိမ်ကြိမ်ပြောထားကာ ၉ ခုမြောက်အဖြစ် ရုရှား-ယူကရိန်းအရေးကိုလည်း အဆုံးသတ်နိုင်ဖို့ ယုံကြည်မှု ရှိကြောင်း ပြောသွားပါတယ်။
▪️ အိမ်ဖြူတော်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီနဲ့ နှစ်နိုင်ငံနေ့လယ်စာစားပွဲမှာ ထရမ့်က တင်းမာမှုများကို ဖြေလျှော့သွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။
▪️ ပါကစ္စတန်ဝန်ကြီးချုပ်က ကျွန်ုပ်ဖြေရှင်းခဲ့ရာကနေ အသက်ပေါင်းများစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပါကစ္စတန်နဲ့ အိန္ဒိယကို ဥပမာယူသင့်ကြောင်း ပြောသွားတယ်လို့ ထရမ့်ကဆိုပါတယ်။
▪️ ပြီးခဲ့တဲ့ မေလက တင်းမာမှုမြင့်တက်ခဲ့တဲ့ ပါကစ္စတန်-အိန္ဒိယ ပဋိပက္ခကို ထရမ့်က ရည်ညွှန်းတာ ဖြစ်ပါတယ်။
▪️ ပဋိပက္ခမဖြေရှင်းပေးဘဲ စစ်ပွဲကို အားပေးအားမြှောက် လုပ်ခဲ့တဲ့ ယခင်အမေရိကန် အစိုးရတွေကိုလည်း ဝေဖန်သွားပါတယ်။
▪️ တင်းမာမှုတွေကို ဖြေလျှော့ရာမှာ ကုန်သွယ်ရေးနဲ့ အခွန်စည်းကြပ်မှုတွေက အမေရိကန်ရဲ့ အဓိကကဏ္ဍဖြစ်ကြောင်းလည်း ဆိုပါတယ်။
▪️ ယူကရိန်းအရေးမှာလည်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပြီး ၉ ခုမြောက် အောင်မြင်မှု ဖြစ်လာမယ်လို့ ပြောနေပါတယ်။
▪️ ကျွန်ုပ်ဟာ စစ်ပွဲတွေကို ဖြေရှင်းရတာ သဘောကျကြောင်း၊ ဘာကြောင့်လဲဆိုရင် လူတွေသေကြေနေတာကို ရပ်တန့်လိုပြီး အသက်ပေါင်းများစွာကို ကယ်တင်ထားတာကြောင့် ဖြစ်ကြောင်း ဖော်ပြသွားပါတယ်။
Source: ANI