#World_Health
Published 18 September 2025

▪️ ဖျော်ရည်သောက်ခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အများစုယုံကြည်ထားပေမယ့် ဆီးချိုအထူးကု ဒေါက်တာ ဘဂ်ယက်ရှ်ကာလ်ကာနီက ဖျော်ရည်နဲ့ အချိုရည်နှစ်မျိုးစလုံးဟာ သကြားမြင့်မားစွာပါဝင်ပြီး ဘာမှမကွာဘူးလို့ ပြောပါတယ်။

▪️ အိမ်မှာပဲဖျော်ဖျော်၊ အထုပ်ပဲဝယ်ဝယ် သကြားစားမိတာချင်း အတူတူပဲ ဖြစ်ပါတယ်။

▪️ နှစ်မျိုးစလုံးမှာ သကြား ၁၅ ဇွန်း ပါဝင်တာချင်း တူညီတယ်လို့ ဆိုပါတယ်။
ဖျော်ရည်ဗူးတွေမှာ သကြားကြောင့် ၁၀၀ ရာခိုင်နှုန်း ဘေးဥပါတ်ဖြစ်တယ်ဆိုရင် အိမ်မှာဖျော်သောက်တာကတော့ အနည်းငယ် သက်သာတဲ့သဘောပါ။

▪️ အက်စ်တာ CMI ဆေးရုံမှ အက်ဒ်ဝင်နာရာဂျ်ကတော့ ဒေါက်တာ ကာလ်ကာနီနဲ့ အလုံးစုံအမြင်မတူပါဘူး။

▪️ အချိုရည်တွေက သကြားတွေပါဝင်ပြီး ဗိုက်တာမင်တွေ သတ္တုဓာတ်တွေ မပါဝင်ဘဲ သစ်သီးနဲ့လုပ်တဲ့ ဖျော်ရည်တွေကတော့ သဘာဝသကြားနဲ့ ဗိုက်တာမင်၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။

▪️ သစ်သီးကို ဖျော်လိုက်တဲ့အခါ သကြားက ခန္ဓာကိုယ်ထဲ လျင်မြန်စွာ စုပ်ယူသွားပြီး သွေးတွင်းသကြားဓာတ် မြင့်တက်စေတာကြောင့် လုံးဝကြီး ဘေးအန္တရာယ်မရှိတာတော့ မဟုတ်ပါဘူး။

▪️ သစ်သီးကို အသီးလိုက်စားသုံးတာက အမျှင်ဓာတ်ရစေပြီး သကြားဓာတ် နှေးကွေးစွာ စုပ်ယူတာကြောင့် ပိုမိုသင့်တော်တယ်လို့ အကြံပြုထားပါတယ်။

▪️ ဖျော်ရည်သောက်မယ်ဆိုရင်တော့ ထုပ်ပိုးပြီးသားကို မရွေးချယ်ဘဲ တစ်နေ့ကို ခွက်အသေးတစ်ခွက်ခန့်ဖြင့် ရေရောသောက်ရင်တော့ သကြားမများစေဘဲ အသီးရဲ့အကျိုးကျေးဇူး ရနိုင်မှာဖြစ်ပါတယ်။

Source: Indian Express