#World_Health
Published 06 November 2025
■ အသက်အရွယ် ကြီးလာတဲ့အခါ အမျိုးသားတွေက အမျိုးသမီးတွေထက် ဦးနှောက်ကျုံ့တာ ပိုမြန်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။
■ ၄၇၂၆ ဦးကို လေ့လာရာမှာ ဦးနှောက်တစ်ရှူး ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ကွာခြားမှုရှိကာ အမျိုးသားတွေမှာ ဦးနှောက်အစိတ်အပိုင်းဆုံးရှုံးမှု ပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။
■ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်က သဘာဝအတိုင်း ကျူံ့သွားကြကာ အယ်ဇိုင်းမားလူနာတွေက ပိုပြီးဆုံးရှုံးမှုများကြပါတယ်။
■ ဒါဟာ အမျိုးသမီးတွေက ဦးနှောက်ဆုံးရှုံးမှုအပိုင်းမှာ အမျိုးသားတွေထက် ပိုနှေးတဲ့သဘော ဖြစ်နေပါတယ်။
■ အမျိုးသမီးတွေရဲ့ ဦးနှောက်ကျဆင်းလေ အယ်ဇိုင်းမားဖြစ်နိုင်ခြေ ပိုများလေဖြစ်ကြောင်း တွေ့ရှိရပါတယ်။
■ သုတေသီတွေက အသက် ၁၇ နှစ်မှ ၃၅ နှစ်အတွင်း ဦးနှောက်ဓာတ်မှန်ပေါင်း ၁၂,၀၀၀ ကျော်ကို စစ်ဆေးခဲ့ကြပါတယ်။
■ ထိုအခါမှာ အမျိုးသားတွေရဲ့ ဦးနှောက်က ပိုပြီးကျဆင်းလွယ်တာ တွေ့ခဲ့ရပါတယ်။
■ အမျိုးသမီးတွေရဲ့ ဦးနှောက်တွေကတော့ ကျဆင်းမှုနှေးသလို သက်ရောက်တဲ့ ဦးနှောက်နေရာတွေ ပိုမိုနည်းပါးပါတယ်။
■ ကျားမကွဲပြားမှုအပေါ် မူတည်ပြီး ဦးနှောက်အိုမင်းခြင်း ကွဲပြားတယ်လို့ ယူဆထားပေမယ့် နောက်ထပ်သုတေသနတွေနဲ့ အတည်ပြုဖို့ လိုအပ်ပါသေးတယ်။
■ ဦးနှောက်ထုထည်၊ မျက်နှာပြင်တို့မှာ ကျားမကွဲပြားမှုအရ ကွဲပြားမှုရှိတာ တွေ့ခဲ့ကြပါတယ်။
■ ဦးနှောက်ကျုံ့ခြင်းက ဆိုးကျိုးဖြစ်နိုင်တယ်ဆိုပေမယ့် အချို့သော အကြောင်းအရာတွေမှာ အကျိုးဖြစ်စေနိုင်ပါသေးတယ်။
■ ဒီလိုတွေ တွေ့ရှိထားပေမယ့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား ဦးနှောက်ကျဆင်းခြင်း ကွဲပြားပြီး အမျိုးသမီးတွေရဲ့ ဦးနှောက်အိုမင်းလာခြင်းအပေါ် သုတေသနပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။
Source: NDTV.