#World_Science
Published 17 December 2025

■ ရေခဲခေတ်တုန်းက ဆက်လက်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ ဝါးလုံးတစ်ခုကို အိန္ဒိယသိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကာ အခြားဝါးတွေကတော့ အအေးဒဏ်ကို မခံနိုင်ဘဲ ပျက်စီးခဲ့ရပါတယ်။

■ မဏိပူရ အင်ဖယ်တောင်ကြားရှိ ချီရန်မြစ်ထဲမှာ အချွန်အမှတ်အသားတွေ ရှိနေတဲ့ ဝါးလုံးကို BSIP တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

■ နှစ်ပေါင်း ၃၇,၀၀၀ သက်တမ်းရှိတဲ့ ဝါးလုံးဟာ အာရှမှာတွေ့ရတဲ့ အစောဆုံး ဆူးချွန်ပါဝါးလုံးဖြစ်ပြီး ပြောင်းလဲသွားခဲ့ဟန် ရှိပါတယ်။

■ ဝါးလုံးအခေါင်းတွေနဲ့ အမျှင်တစ်ရှူးတွေက အလွန်လျင်မြန်စွာ ဆွေးမြည့်သွားတာကြောင့် ဝါးလုံးရုပ်ကြွင်းကို တွေ့ရဖို့ဆိုတာ ရှားပါးပါတယ်။

■ ဒါပေမဲ့ သုတေသီတွေက ဒဏ်ရာခြစ်ရာတွေပြည့်နေတဲ့ အဆိုပါဝါးလုံးကို ကွင်းဆင်းစစ်တမ်းပြုလုပ်ရာမှာ တစ်ခုခုထူးဆန်းရှားပါးတာကို သိခဲ့ကြပါတယ်။

■ ဝါးမျိုးစိတ်တွေနဲ့ အဆိုပါ အမှတ်အသားများအကြောင်း နားလည်ဖို့ ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

■ တစ်ချိန်က ဝါးလုံးမှာရှိတဲ့ ဆူးချွန်တွေကြောင့် အမှတ်အသားကျန်ခဲ့တာ ဖြစ်တယ်လို့ သိပ္ပံနဲ့ နည်းပညာဌာနမှ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

■ Chimonobambusa မျိုးနွယ်ဝင် ဝါးလုံးဖြစ်ပြီး ဝါးလုံးရုပ်ကြွင်းသာမက ရုပ်ကြွင်းဆူးအမှတ်အသားတွေလည်း ရှိပါတယ်။

■ ဒီနောက် Bambusa bambos တို့လို ဆူးချွန်ပါ ဝါးတွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ ဆူးချွန်တွေက အရွက်စားသတ္တဝါတွေ ရန်ကနေ ကာကွယ်ဖို့အတွက် လုပ်ဆောင်ပါတယ်။

■ တွေ့ရှိချက်အရ အိန္ဒိယလို ပူနွေးစိုစွတ်တဲ့ ရာသီဥတုက ဝါးတွေအတွက် ရှင်သန်ရာဖြစ်နေပါတယ်။

■ အခြားနေရာတွေကတော့ အေးလွန်းတဲ့အတွက် ဝါးတွေပျက်သုဉ်းကုန်ကြရပါတယ်။

Source: WION