#World_News
Published 14 October 2025

■ အရှေ့အလယ်ပိုင်းဒေသမှာ ၂ နှစ်ကြာရိုက်ခတ်စေခဲ့တဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာလိုက်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်တို့က ဂါဇာမှ နောက်ဆုံးသောအစ္စရေးလ်ဓားစာခံများကို တနင်္လာနေ့မှာ လွှတ်ပေးခဲ့ပြီး အစ္စရေးလ်ကလည်း ပါလက်စတိုင်းအကျဉ်းသားများကို ဘတ်စ်ကားများဖြင့် နေရပ်ပြန်ပို့ပေးခဲ့ပါတယ်။

■ နာရီပိုင်းအကြာမှာ ထရမ့်က ဂါဇာကမ်းမြောင်အနာဂတ်အကြောင်းနဲ့ ဒေသတွင်းငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မွတ်ဆလင်နဲ့ အီဂျစ်မှ ဥရောပခေါင်းဆောင်များကို ခေါ်ယူဆွေးနွေးကာ ဟားမတ်စ်နဲ့ အစ္စရေးလ်တို့ မတက်ရောက်နိုင်သလို နောက်ထပ်အဆင့်တွေကို သဘောမတူရသေးပါဘူး။

■ အစ္စရေးလ်စစ်တပ်က ဓားစာခံအယောက် ၂၀ စလုံး အသက်ရှင်လျက် လက်ခံရရှိကြောင်း ပြောကြားခဲ့ပြီး တဲလ်အေဗစ်ရှိ ဓားစာခံရင်ပြင်မှာ စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးထံ ကြေညာခဲ့ရာမှာ အားပေးဝမ်းမြောက်ခဲ့ကြပါတယ်။

■ ဂါဇာမှာလည်း အကျဉ်းသားဆွေမျိုးသားချင်းများစွာ ငိုကြွေးပျော်ရွှင်ကြရပြီး မိသားစုတွေ ပြန်လည်ပေါင်းစည်းသွားကြပါပြီ။

■ အမေရိကန်နဲ့အတူ အီဂျစ်၊ ကာတာ၊ တူရကီတို့ ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်ထဲမှာ ဓားစာခံတွေနဲ့ အကျဉ်းသားများ လွှတ်ပေးရေးတို့ ပါဝင်ပါတယ်။

■ အစည်းအဝေးသို့ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ မတက်ရောက်သလို ဆော်ဒီနဲ့ ယူအေအီးခေါင်းဆောင်တို့လည်း မတက်ရောက်ခဲ့ပါဘူး။

■ သေဆုံးသွားတဲ့ ဓားစာခံများ ပြန်လည်ရရှိဖို့၊ ဂါဇာမှာ လက်ကျန်ပြဿနာများ ဖြေရှင်းဖို့၊ အစိုးရဖွဲ့စည်းဖို့၊ လုံခြုံရေးပြဿနာများ ဖြေရှင်းဖို့ စတဲ့အခက်အခဲတွေ ကျန်နေပါသေးတယ်။

■ ဂါဇာနဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး ဟားမတ်စ်တို့က သူတို့ထိန်းချုပ်ထားတယ်လို့ ဆိုနေသလို အစ္စရေးလ်ကလည်း နေရာချဲ့ထွင်နေပါတယ်။

Source: Reuters