#World_Science
Published 09 December 2025

■ အိပ်မက်ဆိုးတွေ မက်တတ်ကြတဲ့အကြောင်းကို မောင့်ထရီယယ်တက္ကသိုလ်မှ အိပ်စက်မှုသိပ္ပံပညာရှင် မစ်ရှဲလ်ကားက ရှင်းပြထားပါတယ်။

■ လူတွေရဲ့ တည်နေရာအပေါ်မူတည်ပြီး အိပ်မက်အကြောင်းအရာတွေ ပြောင်းလဲတတ်ကြတယ်လို့ ဆိုပါတယ်။

■ "ဝေးလ်စ်မှာ ပင်လယ်နံဘေးနား နေတုန်းက လူတွေဟာ ပင်လယ်ထဲ လှိုင်းထဲ မုန်တိုင်းထဲ ကျသွားတဲ့အကြောင်းတွေကို အိပ်မက်ဆိုးခဏခဏ မက်ကြတယ်" လို့ ဆိုပါတယ်။

■ သူ့ရဲ့ Nightmare Obscura စာအုပ်ထဲမှာ အိပ်မက်တွေ အိပ်မက်ဆိုးတွေရဲ့ သိပ္ပံသဘောတရားအကြောင်း လေ့လာဖော်ပြထားပြီး အချို့လူတွေဆိုရင် အိပ်နေစဉ်မှာ သူတို့ရဲ့အိပ်မက်တွေကို လွှမ်းမိုးနိုင်တဲ့ အိပ်မက်အင်ဂျင်နီယာအကြောင်းပါ ပါဝင်ပါတယ်။

■ အိပ်စက်မှုက ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတဲ့အကြောင်း သိရှိထားပေမယ့် အိပ်မက်တွေရယ် အိပ်နေစဉ်ခံစားမှုတွေရယ်ကလည်း ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို အခုမှစတင်တွေ့ရှိလာတယ်လို့ ပြောထားပါတယ်။

■ အိပ်မက်ဆိုး မကြာခဏမက်ခြင်းက စိတ်ညစ်စရာဖြစ်ပြီး ရံဖန်ရံခါ အိပ်မက်ဆိုးမက်တာကတော့ ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို ဖြတ်သန်းဖို့ အကူအညီဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

Source: NPR