#World_Health
Published 22 October 2025

■ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတယ်လို့ လူအများသိထားပေမယ့် လှုပ်ရှားမှုမရှိခြင်းရဲ့ အန္တရာယ်တွေကို သိပ်ပြီး သတိမထားကြပါဘူး။

■ အစာစားပြီးနောက် ချက်ချင်းထိုင်ခြင်းက ဆေးလိပ်သောက်ခြင်းထက် ပိုမိုဆိုးရွားတယ်ဆိုတဲ့ အထောက်အထားမျိုး မရှိဘူးလို့ KIMSHEALTH နှလုံးဌာနမှ ဒေါက်တာ ဒီနက်ရှ်ဒေးဗစ်က ပြောသွားပါတယ်။

■ တကယ်တမ်းက တစ်နေ့ကို ၈ နာရီကျော်အောင် လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်းက ပိုမိုဆိုးရွားစေပြီး ဆေးလိပ်သောက်ခြင်းလိုမျိုး နှလုံးသွေးကြောပြဿနာများ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

■ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းတို့နဲ့ နှိုင်းယှဉ်ရင် ထိုင်ခြင်းက ဇီဝကမ္မဖြစ်စဉ် ၃၀ ရာခိုင်နှုန်းနီးပါးလောက် ပိုနှေးစေပြီး ကိုယ်အလေးချိန်တက်စေကာ သွေးကြောတွေထဲမှာ အဆီတွေ အနည်ထိုင်လာပြီး သွေးကြောကျဉ်းစေတယ်လို့ ဆိုပါတယ်။

■ အမ်ရီတာဆေးရုံမှ ဒေါက်တာ မိုဟစ်ရှာမာက တစ်နေ့ကို ၆-၈ နာရီကျော်အောင် ထိုင်တဲ့သူတွေက အရွယ်မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

■ ဒါ့အပြင် ကြာရှည်ထိုင်ခြင်းကြောင့် နှလုံးသွေးကြောရောဂါ၊ ကင်ဆာ၊ ဆီးချိုစတဲ့ ရောဂါဘယတွေလည်း ပိုပြီးအဖြစ်များစေတယ်လို့ တွေ့ရှိထားပါတယ်။

■ ဆေးလိပ်သောက်ခြင်းကတော့ ကျန်းမာရေးဆိုးကျိုးတွေ ချက်ချင်းလက်ငင်း ပြင်းထန်စွာ ခံစားရနိုင်ပြီး ကြာရှည်ထိုင်ခြင်းကတော့ နာတာရှည်နဲ့ ကျန်းမာရေး‌ရေရှည်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

■ နောက်တစ်ချက်က လှုပ်ရှားမှုနည်းတဲ့အခါ မကောင်းတဲ့ကိုလက်စထရောလ်တွေ များလာပြီး နှလုံးသွေးကြောရောဂါများ ဖြစ်စေနိုင်ပါတယ်။

■ ၂ နာရီခန့်ထိုင်ပြီးတိုင်း ထိပြီးလှုပ်ရှားဖို့က အရေးကြီးပြီးတော့ အနည်းဆုံး ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်း၊ ရေထသောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Source: Indian Express