#World_Health
Published 10 February 2026

■ ဓမ္မတာကာလရောက်ချိန်မှာ အမျိုးသမီးတွေဟာ အားအင်နည်းပါးပြီး ပင်ပန်းခြင်းနဲ့ အခြားသောလက္ခဏာတွေ ဖြစ်တတ်ပါတယ်။

■ ထိုအချိန်မှာ သံဓာတ်အများအပြား ဆုံးရှုံးကြကာ သွေးပမာဏအပေါ်မူတည်ပြီး သံဓာတ်ဆုံးရှုံးကြတယ်လို့ အာဟာရပညာရှင် ရာရှီချောင်ဒယ်ရီက ပြောပါတယ်။

■ ပုံမှန်ဆိုရင် ဓမ္မတာတစ်ကြိမ်လာရင် သံဓာတ် ၁၅-၃၀ မီလီဂရမ်ခန့်ဆုံးရှုံးကာ တစ်နှစ်ဆိုရင် ၁၈၀-၃၆၀ မီလီဂရမ်လောက် ရှိပါတယ်။

■ ဓမ္မတာများရင်တော့ တစ်လကို ၄၀ မီလီဂရမ်ကျော် ဆုံးရှုံးနိုင်ပြီး တစ်နှစ်ကို ၄၈၀ မီလီဂရမ်ခန့်အထိ ရှိနိုင်ပါတယ်။

■ ထိုအခါမှာ သံဓာတ်ဖြည့်စွက်ဆေးတွေ လိုအပ်လာနိုင်ပြီး ကြက်သား၊ ကြက်ဥ၊ ငါးတို့လောက်နဲ့ မလုံလောက်နိုင်ပါဘူး။

■ ဒါကြောင့် စားသောက်တဲ့အခါ သံနဲ့လုပ်ထားတဲ့ အိုးခွက်ပန်းကန်တွေနဲ့ ချက်ပြုတ်စားသောက်ဖို့ အကြံပြုလာပါတယ်။

■ အက်ဆစ်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ မန်ကျည်း၊ သံပရာတို့ ချက်ပြုတ်တဲ့အခါ ငါးပုံသဏ္ဍာန် သံခွက်ထည့်သွင်းအသုံးပြုပြီး ၁၀-၁၅ မိနစ်ခန့် ဟင်းထဲထည့်ချက်ထားရပါမယ်။

■ မစားခင်မှာ ထိုသံခွက်ကို ထုတ်ပြီး ရေဆေး အခြောက်ခံ သိမ်းထားရပါမယ်။

■ ဒီလိုဆိုရင် စားစရာထဲမှာ သံဓာတ်တွေနဲ့ ပြည့်ဝသွားပါပြီ။

■ ဒီနည်းလမ်းက အချိန်မကုန်လူမပင်ပန်းဘဲ သံဓာတ်များစွာ ရရှိစေမှာဖြစ်ပါတယ်။

■ ဒီလေ့လာချက်က အမျိုးသမီးတွေ နေ့စဉ်သံဓာတ်ဖြည့်ပေးဖို့ လိုအပ်ကြောင်းကိုလည်း ဖော်ပြနေပါတယ်။

Source: NDTV