#Asia_News
‎Published 13 December 2025

‎▪️ကမ္ဘောဒီးယား၊ ထိုင်းခေါင်းဆောင်တို့နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောဆိုအပြီးမှာ နှစ်နိုင်ငံက သောကြာနေ့မှာ လုံးဝအပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်တယ်လို့ ထရမ့်က ပြောထားပါတယ်။

‎▪️ထရမ့်က ရေရှည်စစ်ပွဲကြီး ပြန်ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ထိုင်းဝန်ကြီးချုပ် အန်နူတင်ချာဝီရာကူနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ကိုပြောခဲ့ပြီး နှစ်ဦးစလုံးက ပဋိပက္ခအဆုံးသတ်ဖို့ သဘောတူခဲ့ကြကြောင်း ဆိုပါတယ်။

‎▪️နှစ်နိုင်ငံစလုံး ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အသင့်ဖြစ်နေကာ အမေရိကားနဲ့ ကုန်သွယ်ရေး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

‎▪️တနင်္လာနေ့တည်းက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် ၈၁၇ ကီလိုမီတာတလျှောက် လက်နက်များ ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။

‎▪️ယခုသီတင်းပတ်အတွင်း အနည်းဆုံး ၂၀ သေဆုံးကာ ၂၆၀‌ ကျော် ဒဏ်ရာရရှိထားသလို လူသိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

‎▪️ထိုင်းဝန်ကြီးချုပ်က အပစ်အခတ်ရပ်စဲရေးအကြောင်း အတည်မပြုထားပေမယ့် ထရမ့်နဲ့ သေချာပြောခဲ့ရပြီး ကမ္ဘောဒီးယားအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို ရပ်တန့်ရမယ်လို့ အလေးပေးပြောထားပါတယ်။

‎▪️ကမ္ဘောဒီးယားက မြေမြုပ်မိုင်းတွေ ထောင်ထားတယ်လို့ ထိုင်းက စွပ်စွဲနေပြီး ကမ္ဘောဒီးယားဘက်ကတော့ ဒါတွေကို ငြင်းဆန်ထားကာ ထိုင်းတို့က ပိုင်နက်ကျူးလွန်တယ်လို့ ပြန်စွပ်စွဲနေပါတယ်။

‎▪️ထရမ့်က ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ ယုံကြည်မှုရှိနေပြီး ယခင်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေမှာ သူ့ရဲ့အရေးပါပုံကို ဖော်ညွှန်းနေသလို အမေရိကန်-ထိုင်း ကုန်သွယ်ရေးညှိနှိုင်းမှုတွေနဲ့လည်း ဆက်စပ်နေကြောင်း ပြောသွားပါတယ်။

‎▪️ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ အခွန်စည်းကြပ်မှုများဖြင့် ထိုင်းကိုဖိအားမပေးသင့်ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

‎Source: Reuters.