#World_Science
Published 08 July 2025

▪️ ကြယ်တံခွန်တစ်ခုဟာ ကြယ်တစ်ခုနဲ့တစ်ခုကြား အာကာသမှ ကျွန်ုပ်တို့ရဲ့ နေစကြဝဠာနားကနေ ဖြတ်သန်းသွားမယ့်လမ်းကြောင်းပေါ် ရောက်နေတယ်လို့ အာကာသပညာရှင်များ တွေ့ရှိထားပါတယ်။

▪️ ဒီလိုမျိုး ကိုယ့်စကြဝဠာအပြင်ဘက်က အရာတွေ ဖြတ်သန်းသွားတာဟာ တတိယအကြိမ်မြောက် တွေ့ရှိတာဖြစ်ပြီး အရင်နှစ်ကြိမ်က Oumuamua နဲ့ Comet Borisov တို့ဖြစ်ပြီး ဒီလိုမျိုးအဖြစ်တွေက အလွန်ရှားပါးတာကြောင့် သိပ္ပံပညာရှင်များ စိတ်ဝင်စားနေကြပါတယ်။

▪️ ၂၀၁၇ ခုနှစ်က ပထမဆုံးအဖြစ် မတွေ့ခင်အထိ ကြယ်တွေကြားကအရာတွေအကြောင်း မသိရှိခဲ့ကြဘူးလို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ နက္ခတ္တရူပပညာရှင် ခရစ္စလင်တော့က ပြောပါတယ်။

▪️ အခြားစကြဝဠာတွေဆီက အရာတွေထွက်ပေါ်လာတာဟာ ဒါတွေနဲ့ အလုပ်လုပ်နေသူတွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်စေတယ်လို့ ပြောပါတယ်။

▪️ နာဆာက ဒီအရာကို ချီလီနိုင်ငံ ရီယိုဟာတာဒိုမှာ ATLAS တယ်လီစကုပ်ဖြင့် တွေ့ရှိခဲ့ပြီးနောက် 3I/ATLAS လို့ အမည်ပေးခဲ့ကြပါတယ်။

▪️ ဒီကြယ်တံခွန်ဟာ အခုအချိန်မှာ မိုင်ပေါင်းသန်း ၄၂၀ ကွာဝေးပြီး ကမ္ဘာတဝှမ်းမှ အာကာသပညာရှင်များက သူ့ရဲ့အရွယ်အစား၊ ပုံပန်းသွင်ပြင်များကို သိရဖို့ တယ်လီစကုပ်များဖြင့် အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

▪️ နာဆာပြောကြားချက်အရ ကြယ်တံခွန်ဟာ လျင်မြန်စွာ ရွေ့လျားနေပေမယ့် ကမ္ဘာဂြိုဟ်ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

▪️ စက်တင်ဘာလမှာ မြေပြင်တယ်လီစကုပ်တွေကနေ မြင်နိုင်မှာဖြစ်ပေမယ့် နေလုံးနဲ့ နီးကပ်လွန်းမှာကြောင့် လေ့လာရန်ခက်ခဲမှာပါ။

▪️ ဒီဇင်ဘာလမှ ပြန်လည်ထွက်ပေါ်လာပြီး ပိုမိုလေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

▪️ ထူးခြားဆန်းပြားတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ Vera C.Rubin Observatory စခန်းသစ်ကြီးကြောင့် ကြယ်စင်စုကြားအရာတွေကို ပိုမိုတွေ့ရှိနိုင်တော့မှာ ဖြစ်ပါတယ်။

#Source: NPR