#World_News
Published 15 July 2025

▪️ က‌မ္ဘောဒီးယားနိုင်ငံက နောက်နှစ်ကစပြီး မဖြစ်မနေစစ်မှုထမ်းစနစ် စတင်ကျင့်သုံးသွားမယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က တနင်္လာနေ့မှာ ပြောသွားပါတယ်။

▪️ ထိုင်းနိုင်ငံနဲ့ နယ်စပ်တင်းမာမှုများ ရှိနေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကြေညာလိုက်တာ ဖြစ်ပါတယ်။

▪️ မေလ ၂၈ ရက်နေ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပြီးနောက် ဆက်ဆံရေးယိုယွင်းလာကာ ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

▪️ နှစ်ဖက်စလုံးက နောက်ထပ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် တင်းမာမှုများလျှော့ချဖို့ သဘောတူထားပေမယ့် တင်းမာမှုဆက်လက်မြင့်တက်နေစေမယ့် အတိုင်းအတာများ ပြုလုပ်နေကာ စကားမာမာထန်ထန် ပြောနေကြပါတယ်။

▪️ ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝက်ထရာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ ဖုန်းပြောမှတ်တမ်း ပေါက်ကြားလာရာ ပေထုံတန်က ထိုင်းစစ်တပ်အပေါ် ချိုးဖဲ့ပြောဆိုတဲ့သဘော တွေ့ရှိခဲ့ရာ ဝေဖန်မှုများရှိလာပြီး ရာထူးမှ ဆိုင်းငံ့ခံထားရပါတယ်။

▪️ ဟွန်ဆန်ရဲ့သားဖြစ်ပြီး ဝန်ကြီးချုပ်နေရာဆက်ခံသူ ဟွန်မာနက်က ၂၀၂၆ ခုနှစ်ကစတင်ပြီး မဖြစ်မနေစစ်မှုထမ်းရမည့်စနစ် အကောင်အထည်ဖော်မှာဖြစ်ကာ တပ်မတော်စွမ်းရည်မြှင့်တင်သွားမယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

▪️ ၂၀၀၆ ခုနှစ်က မဖြစ်မနေစစ်မှုထမ်းဥပဒေ အတည်ပြုခဲ့ပေမယ့် အသက်မသွင်းခဲ့ပါဘူး။

▪️ CIA ရဲ့ ကမ္ဘာ့အချက်အလက်ရေးရာအရ ကမ္ဘောဒီးယားစစ်တပ်မှာ စစ်မှုထမ်းပေါင်း ၂ သိန်းခန့်ရှိပြီး ထိုင်းတပ်မတော်မှာတော့ ၃ သိန်းခွဲခန့်ရှိပါတယ်။

▪️ ဒါ့အပြင် ဟွန်မာနက်က စစ်အသုံးစရိတ် မြှင့်တင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

#Source: AP News