#World_News
Published 04 July 2025

▪️ လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ဒီယေဂိုဂျိုတာနဲ့ ညီဖြစ်သူတို့စီးလာတဲ့ လမ်ဘော်ဂနီကား စပိန်မှာ လမ်းချော်ပြီး မီးလောင်ကျွမ်းခဲ့သဖြင့် နှစ်ဦးစလုံး ကွယ်လွန်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။

▪️ အသက် ၂၈ နှစ်ရှိ ဂျိုတာနဲ့ ၂၅ နှစ်ရှိ အန်ဒရီဆေးလ်ဗားတို့ကို ဇာမိုရာမြို့အနီးမှာ အသက်သေဆုံးလျက် တွေ့ရှိခဲ့ကြတယ်လို့ စပိန်အရပ်ဖက်ကာကွယ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

▪️ ဂျိုတာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ရယူခဲ့ပြီးနောက် ခရီးထွက်နေတဲ့အချိန်မှာ ရူတေကာဒိုဆိုနဲ့ လက်ထပ်ခဲ့ကာ သိပ်မကြာခင်မှာပဲ အခုလိုဆုံးပါးသွားတာ ဖြစ်ပါတယ်။

▪️ မတော်တဆမှုကို ရဲများစစ်ဆေးနေရာ အခြားကားများ ပါဝင်ပတ်သက်ခြင်းမရှိဘဲ ညီအစ်ကိုနှစ်ဦးတည်းသာ ရှိနေခဲ့ပြီး အလောင်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

▪️ ဂျိုတာတို့ ကားမှောက်ခဲ့တဲ့နေရာက ပေါ်တူဂီနယ်စပ်အနီး အဝေးပြေးလမ်းမကြီးမှာ ဖြစ်ပါတယ်။

▪️ လီဗာပူးလ်ကစားသမားတွေက လာမယ့်ရာသီသစ်အတွက် အသင်းကိုပြန်ရောက်လာကြပေမယ့် ဂျိုတာကတော့ ပေါ်တူဂီနဲ့အတူ နေးရှင်းစ်းလိဂ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ရတဲ့အတွက် နောက်ကျပြီးမှ အသင်းနဲ့လာရောက်ပူးပေါင်းရမှာ ဖြစ်ပါတယ်။

▪️ လီဗာပူးလ်အသင်းက ကစားသမားမိသားစုဝင်တွေရဲ့ ပုဂ္ဂိုလ်ရေးကို အလေးထားကာ မည်သည့်မှတ်ချက်မျှ ပေးသွားမှာမဟုတ်ကြောင်း၊ ယင်းတို့အတွက် အပြည့်အဝ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

▪️ ဂျိုတာတို့ညီအစ်ကိုနဲ့ ပတ်သက်ပြီး ပေါ်တူဂီအသင်းဖော် ခရစ္စတီယာနိုရိုနယ်ဒိုအပါအဝင် ကမ္ဘာတဝှမ်းမှ နာမည်ကျော်အားကစားသမားများ ဝမ်းနည်းပူဆွေးမိကြောင်း ပြောကြားလာကြပါတယ်။

▪️ ဂျိုတာက လီဗာပူးလ်အတွက် ၁၈၂ ပွဲကစားခဲ့ကာ ၆၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဧပြီလ အဲဗာတန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့အနိုင်ဂိုးက လီဗာပူးလ်အတွက် သူ့ရဲ့နောက်ဆုံးဂိုးဖြစ်ခဲ့ပါတယ်။

#Source: AP News