#World_News
Published 11 July 2025
▪️ အမေရိကန်မှာ နေထိုင်နေတဲ့ ရွှေ့ပြောင်းသူအများစုအတွက် အစိုးရပြည်သူ့ခံစားခွင့်များ ရရှိရေးတွေကို ပိတ်ပင်တားမြစ်တဲ့ဥပဒေကို ထရမ့်အစိုးရအဖွဲ့က တိုးချဲ့ဖို့လုပ်နေပြီး ဒီထဲမှာ ငွေကြေးချို့တဲ့ကလေးများအတွက် မူကြိုထောက်ပံ့ရေးအစီအစဉ်များ အပါအဝင် နောက်ထပ်အစီအစဉ် ၁၃ မျိုးကို ထည့်သွင်းသွားဦးမှာ ဖြစ်ပါတယ်။
▪️ ဆယ်စုနှစ် ၃ ခုနီးပါးသက်တမ်းရှိပြီဖြစ်ကာ အစိုးရပြည်သူ့ခံစားခွင့် အစီအစဉ် ၃၁ ခုပါဝင်တဲ့ မူဝါဒကို ဖျက်သိမ်းဖို့လုပ်နေပြီး နောက်ထပ်တိုးသွားမယ့် အကြောင်းအရာတွေအပါအဝင် စုစုပေါင်း အစီအစဉ် ၄၄ ခုအထိ ရှိလာမှာဖြစ်တယ်လို့ အမေရိကန်ကျန်းမာရေးနဲ့ လူသားစောင့်ရှောက်ကူညီရေးဌာနက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။
▪️ အလုပ်ကြိုးစားကြတဲ့ အမေရိကန်တွေရဲ့ အခွန်ဒေါ်လာတွေကနေ တရားမဝင်လူဝင်မှုတွေ ဖြစ်စေခဲ့တာ ကြာလွန်းခဲ့ပြီလို့ ကျန်းမာရေးနဲ့ လူသားစောင့်ရှောက်ကူညီရေးဝန်ကြီး ရောဘတ်ကင်နက်ဒီဂျူနီယာက ပြောပါတယ်။
▪️ ဒါတွေက တိုင်းပြည်ထဲမှာ တရားမဝင်နေထိုင်နေတဲ့ ရွှေ့ပြောင်းသူတွေကို ပစ်မှတ်ထားတာဖြစ်ပေမယ့် အမြဲတမ်းနေထိုင်သူများနဲ့ တရားဝင်နေထိုင်သူအချို့ကိုပါ သက်ရောက်လာနိုင်ပါတယ်။
▪️ ဥပဒေအရဆိုရင်ပဲ ရွှေ့ပြောင်းသူအများစုဟာ အစိုးရပြည်သူ့ခံစားခွင့် အစီအစဉ်တွေမှာ အကျုံးဝင်မှာမဟုတ်တော့ပါဘူး။
▪️ အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေအပြင် ကျောင်းသားတွေနဲ့ နိုင်ငံခြားလုပ်သားတွေလို ယာယီဗီဇာဖြင့် နေထိုင်သူတွေပါ အကျုံးမဝင်တော့ဘဲ အစီအစဉ်အများစုကနေ ပိတ်ပင်ထားမှာဖြစ်ပါတယ်။
▪️ ၁၉၉၈ ခုနှစ်က ဖော်ပြခဲ့တဲ့ ဥပဒေအရဆိုရင် အစီအစဉ် ၃၁ ခုထဲမှာ ကလေးကျန်းမာရေးအာမခံ၊ ချို့တဲ့သူများအတွက် ယာယီထောက်ပံ့ကူညီမှု၊ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မွေးစားထောက်ပံ့ရေး၊ ကလေးစောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ၊ ချို့တဲ့အိမ်ခြေ စွမ်းအင်ထောက်ပံ့ရေးတို့ ပါဝင်ပါတယ်။
▪️ ထုတ်ပြန်ချက်အသစ်က ပြီးသွားဦးမှာမဟုတ်ဘဲ နောက်ထပ်အစီအစဉ်များ ထပ်ထည့်နိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။
#Source: Reuters