#World_Health
Published 11 July 2025
▪️ Nimbus လို့အမည်ပေးတဲ့ NB.1.8.1 ကိုဗစ်မျိုးဗီဇကွဲသစ်ဟာ နိုင်ငံအများအပြားမှာ လျင်မြန်စွာပျံ့နှံ့နေပြီး သူ့ရဲ့ရောဂါလက္ခဏာက ဘလိတ်ဓားကို မျိုချသလိုမျိုး စူးရှနာကျင်လွန်းတယ်လို့ လူနာများပြောလာကြပါတယ်။
▪️ ဒီမျိုးဗီဇကွဲရဲ့ လက္ခဏာသစ်က အရေးပေါ်အခြေအနေ ဖြစ်လာပါတယ်။
▪️ ဓားမျိုချသလို လည်ချောင်းနာခြင်းက အမေရိကန်ကလူတွေမှာ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။
▪️ ဒါပေမဲ့ ယခင်မျိုးဗီဇကွဲတွေလောက်တော့ ဖျားနာအန္တရာယ် မပြင်းထန်ဘူးလို့ WHO ဖော်ပြထားပါတယ်။
▪️ SARS-CoV-2 ဗိုင်းရပ်စ်မျိုးနွယ်မှ ကွဲထွက်လာတာဖြစ်ပြီး ရာသီတုပ်ကွေးလိုပုံစံမျိုး ဖြစ်ပေါ်နေပါတယ်။
▪️ သူ့ရဲ့ထူးခြားတဲ့ လက္ခဏာတွေနဲ့ ပျံ့ပွားနှုန်းကြောင့်လည်း အာရုံစိုက်လာကြတာပါ။
▪️ အာရှမှရောက်လာကြတဲ့ လေကြောင်းခရီးစဉ်တွေကနေ ရောဂါရှာဖွေစစ်ဆေးရင်း ကယ်လီဖိုးနီးယား၊ ဗာဂျီးနီးယား၊ နယူးယော့ခ်၊ ဝါရှင်တန်တို့မှာ တွေ့ရှိလာကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ပြောပါတယ်။
▪️ စူးရှနာကျင်လွန်းတဲ့ ခံစားမှုအပြင် ယခင်မျိုးဗီဇကွဲတွေလိုမျိုး ဖျားနာချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့လည်း ဆက်ဖြစ်ပါတယ်။
▪️ Nimbus က လက်ရှိမှာ ရောဂါပြင်းထန်ခြင်းမရှိဘဲ အိမ်မှာပင် သီးခြားနေထိုင်ခြင်းဖြင့် ထိန်းချုပ်နိုင်တယ်လို့ WHO က ပြောထားပါတယ်။
#Source : India Today