#World_News
Published 21 June 2025

▪️ Voide of America (VOA)ရဲ့ မိခင်ကုမ္ပဏီ ရဲ့ ဝန်ထမ်း ၆၃၉ ဦးကျော်ကို အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာထုတ်ပြန်ခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။

▪️ မတ်လနောက်ပိုင်း ဝန်ထမ်းလျှော့ချလာတာ ၈၅ ရာခိုင်နှုန်းရှိပြီဖြစ်တဲ့ သတင်းရုပ်သံလွှင့်ဌာန အဆုံးသတ်ဖို့ ဖြစ်လာပါတယ်။

▪️ အစိုးရဝန်ထမ်းတွေကို အနည်းဆုံးသာထားရှိချင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့လမ်းစဉ် အစိတ်အပိုင်းအဖြစ် အလုပ်နေရာပေါင်း ၁,၄၀၀ ကို လျှော့ချလိုက်တာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာမီဒီယာ အမေရိကန်အေဂျင်စီ(USAGM) အကြီးတန်းအကြံပေးပုဂ္ဂိုလ် ကယ်ရီလိတ်က ပြောသွားပါတယ်။

▪️ ဝန်ထမ်းဖောင်းပွနေပြီး တာဝန်ယူမှုမရှိတဲ့ သတင်းဌာနကို ဖြိုခွဲဖို့ကြိုးစားနေရာမှာ USAGM နဲ့ VOA တို့မှ ဝန်ထမ်း ၆၃၉ ဦးထံ အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာများ ပေးပို့ခဲ့တယ်လို့ လိတ်က ဖော်ပြထားပါတယ်။

▪️ ဒီအေဂျင်စီဟာ ဘက်လိုက်ပြီး အသုံးမဝင်ဘူးလို့ ပြောထားပါတယ်။
အခုဆိုရင် USAGM ဟာ ဝန်ထမ်းအင်အား ၈၁ ယောက် အနည်းဆုံးအနေအထားဖြင့် လည်ပတ်နေပြီး USAGM ၊ VOA ၊ ကျူးဘားရုပ်သံလွှင့်ရုံးတို့မှာ ဝန်ထမ်း ၂၅၀ ခန့် ကျန်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

▪️ VOA ဟာ ၁၉၄၂ ခုနှစ်က နာဇီဝါဒဖြန့်ခြင်းကို တန်ပြန်ရန်အတွက် တည်ထောင်ခဲ့တာဖြစ်ပြီး ဘာသာစကား ၅၀ နီးပါးဖြင့် လုပ်ကိုင်နေကာ တစ်ပတ်ကို လူပေါင်းသန်း ၃၆၀ ဆီ ရောက်ရှိစေပါတယ်။

▪️ VOA နဲ့ အခြားမီဒီယာလက်ခွဲတွေဟာ ကွန်ဆာဗေးတစ်တွေအပေါ် ဘက်လိုက်ဖော်ပြမှုတွေ ရှိတယ်ဆိုပြီး ရီပတ်ဘလစ်ကန်အချို့ စွပ်စွဲထားပါတယ်။

▪️ USAGM ရဲ့ RFA မှာလည်း ဌာနအသီးသီးမှာ အလုပ်နားခွင့်များပေးထားတယ်လို့ သိရပါတယ်။

▪️ USAGM ဝန်ထမ်းလျှော့ချခြင်းနဲ့ ပတ်သက်ပြီး တရားရုံးအမှုတွဲများ ရှိနေပါတယ်။

#Source: Reuters