#World_News
Published 14 July 2025
▪️ Air India လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး Boeing လေယာဉ်တွေရဲ့ လောင်စာဆီဖြတ်တောက်ခလုတ်လော့တွေဟာ လုံခြုံစိတ်ချစွာထားရှိကြောင်း အမေရိကန်ဖက်ဒရယ် လေကြောင်းကွပ်ကဲရေး(FAA)နဲ့ Boeing ကုမ္ပဏီတို့က အသိပေးချက်များထုတ်ပြန်လိုက်ပါတယ်။
▪️ Boeing 787-8 လေယာဉ်ပျက်ကျတာဟာ လောင်စာဖြတ်တောက်ခလုတ်များကြောင့်လို့ သတင်းထွက်လာပြီးနောက် ဇူလိုင် ၁၁ ရက်နေ့မှာ FAA က လေယာဉ်စံနှုန်းကိုက်ညီမှုအသိပေးချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
▪️ အရပ်ဘက်လေကြောင်းအာဏာပိုင်များထံ FAA မှ အသိပေးချက်ပေးပို့ထားရာမှာ Boeing လေယာဉ်အမျိုးအစားတွေမှာ လောင်စာဆီထိန်းချုပ်ခလုတ်ဒီဇိုင်းနဲ့ လော့ချစနစ်တွေက ဆင်တူနေကြပြီး FAA ကတော့ ဒီစနစ်ဟာ စိတ်ချရခြင်းမရှိတဲ့ အနေအထားအဖြစ် မသတ်မှတ်ကြောင်း ဖော်ပြထားပါတယ်။
▪️ အသိပေးချက်အပြင် တခြားဖြည့်စွက်တင်ပြစရာ မရှိဘူးလို့ FAA ကဆိုပါတယ်။
▪️ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို(AAIB)ရဲ့ ကနဦးစစ်ဆေးတင်ပြချက်အရ Boeing မော်ဒယ်မျိုးစုံမှာ လောင်စာဖြတ်တောက်ခလုတ် မတော်တဆရွေ့သွားတာမျိုး မဖြစ်အောင်ထိန်းပေးတဲ့ လော့စနစ်ကို စုံစမ်းစစ်ဆေးလာရပါတယ်။
▪️ အိန္ဒိယလေယာဉ်မှူးတွေကို ကိုယ်စားပြုတဲ့ ALPA India ကတော့ လေယာဉ်မှူးအမှားဆိုတဲ့ ယူဆချက်တွေကို ငြင်းဆန်ထားကာ မျှမျှတတစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
▪️ ၂၀၁၈ FAA လမ်းညွှန်ချက် စုံစမ်းစစ်ဆေးခြင်းဖော်ပြချက်အရဆိုရင် လောင်စာထိန်းချုပ်ခလုတ်တွေ ချို့ယွင်းတဲ့ပြဿနာမျိုး ရှိတယ်လို့ ALPA India က X မှာ ဖော်ပြထားပါတယ်။
▪️ လေယာဉ်ရဲ့ နောက်ဆုံးမှတ်တမ်းများအရဆိုရင် လေယာဉ်စက်ထိန်းချုပ်ခန်းထဲမှာ လေယာဉ်မှူးတစ်ဦးက နောက်တစ်ဦးကို ဘာလို့လောင်စာဖြတ်တောက်လိုက်လဲ မေးခဲ့ရာမှာ မလုပ်ပါဘူးလို့ ဖြေခဲ့ပါတယ်။
▪️ ခလုတ်နှစ်ခုစလုံး တပြိုင်တည်းနီးပါး နှိပ်ခဲ့တဲ့သဘောဖြစ်နေပြီး ပျံသန်းနေစဉ်အတွင်း ဘာကြောင့်ခလုတ်တွေ နှိပ်မိထားလဲဆိုတာတော့ မဖော်ပြထားပါဘူး။
#Source: Reuters