Published-15 August 2021
စနေနေ့မနက်က ဟေတီနိုင်ငံမှာ ၇.၂ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်သွားတဲ့အတွက် အနည်းဆုံးလူပေါင်း ၂၂၇ဦ သေဆုံးခဲ့ရပါတယ်။ ၂၀၁၀ ငလျင်ကြီးကနေ ပြန်ပြီးသက်သာစပြုလာတဲ့ ကာရစ်ဘီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဟေတီမှာ အဆောက်အဦတွေဟာ ပြိုလဲကျကုန်ပါတယ်။ မြို့တော်ပေါ့အေပရင့်စ်နှင့် မိုင်၁၀၀လောက်ဝေးတဲ့ ဒေသကို ဗဟိုပြုပြီး ငလျင်လှုတ်ခတ်သွားတာဖြစ်ပါတယ်။ အိမ်တွေဟာလှုပ်ရမ်းခါသွားပြီး ဒေသခံတွေက ကြောက်ရွံတဲ့အသံတွေနှင့် အကူအညီတွေအော်ခေါ်နေခဲ့ကြရပါတယ်။
ငလျင်လှုပ်ခတ်ပြီးခါစ ဟေတီရဲ့ အပျက်အစီးမြင်ကွင်းတွေကို ရုပ်သံသတင်းမှာ တင်ဆက်ပေးထားပါတယ်။

 

Published-15 August 2021 စနေနေ့မနက်က ဟေတီနိုင်ငံမှာ ၇.၂ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်သွားတဲ့အတွက် အနည်းဆုံးလူပေါင်း ၂၂၇ဦ သေဆုံးခဲ့ရပါတယ်။"/>