Published 30 April 2024
အမေရိကန် မြောက်ကယ်ရိုလိုင်းနား ချာလော့မှာ တနင်္လာက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေစဥ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် အမေရိကန် ဥပဒေစိုးမိုးရေး ထိပ်သီးအရာရှိ မာရှယ်လ်တစ်ဦးနဲ့ ရဲအရာရှိ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ချာလော့-မက်ခ်လင်ဘာ့ဂ် ရဲတပ်ဖွဲ့အကြီးအကဲ ဂျန်နီဂျင်နင်းစ်က သူ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၂ နှစ်တာ ကာလအတွင်း တရားဥပဒေစိုးမိုးရေးအတွက်တော့ အထိအခိုက် အများဆုံးနေ့ဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။
ပြည်သူတွေဘေးကင်းစေဖို့ တာဝန်ထမ်းဆောင်နေတဲ့ သူရဲကောင်းအချို့ကို ယနေ့ဆုံးရှုံးလိုက်ရတယ်လို့ ဂျင်နင်းစ်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
လက်နက်ကိုင်ဆောင်မှုဖြင့် စီရင်ချက်ထားတဲ့ ရာဇဝတ်သားတစ်ယောက်ကို ရဲအရာရှိတွေက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းစဥ် ချာလော့မြို့လယ် အနောက်ဘက် မိနစ် ၂၀ ခန့်အကွာရှိ လူနေလမ်းတစ်ခုမှာ နေ့လယ်တစ်နာရီခွဲခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဂယ်လ်ဝေးဒရိုက်ဗ်ရှိ နေအိမ်တစ်ခုကို ရောက်တဲ့အခါမှာ အိမ်ထဲကနေ သေနတ်ပစ်ခတ်သဖြင့် အမေရိကန်မာရှယ်လ်များမှ ပြန်လည်ပစ်ခတ်ခဲ့ရပါတယ်။
ပစ်ခတ်မှုပြီးဆုံးချိန်မှာ ခြံရှေ့နားပဲ ဝရမ်းပြေးတရားခံ သေဆုံးနေခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။
အိမ်နားကို ထပ်ပြီးကပ်သွားတဲ့အခါ အထဲကနေ ထပ်မံပစ်ခတ်ခဲ့ပါတယ်။
CMPD မှ SWAT အဖွဲ့နဲ့ ကင်းလှည့်အဖွဲ့များ လာရောက်ကူညီခဲ့ပြီး အိမ်ကိုရှင်းလင်းရှာဖွေနိုင်ခဲ့ရာ နောက်ထပ်တရားခံ ၂ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အိမ်ထဲမှာ ဆယ်ကျော်သက်အရွယ် ကလေး အနည်းဆုံး ၁ ယောက်ရှိနေခဲ့တယ်လို့ CMPD က ပြောပါတယ်။
ပစ်ခတ်စဥ်အတွင်း အရာရှိတွေ ဘယ်လိုထိခိုက်သေဆုံးသွားလဲ ဆိုတာကိုတော့ သေချာမသိရပါဘူး။
သေဆုံးသူများအပြင် အမေရိကန် ဥပဒေစိုးမိုးရေးအရာရှိ တစ်ဦးနဲ့ CMPD မှ အရာရှိ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အရာရှိတစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။
ဘယ်လိုသေနတ် အမျိုးအစားတွေနဲ့ ပစ်ခတ်သလဲဆိုတာ သေချာမသိရသေးပေမယ့် တစ်ဦးကတော့ ပြင်းအားမြင့်ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဂျင်နင်းစ်က ဆိုပါတယ်။
ဒီမြို့ကို ဘေးကင်းအောင် ကြိုးပမ်းပေးကြတဲ့ အရာရှိတွေကို ဂုဏ်ပြုလေးစားအပ်ကြောင်း ချာလော့မြို့တော်ဝန် ဗီလိုင်းစ်က ဝမ်းနည်းစွာပြောကြားသွားပါတယ်။
Source: New York Post
#World_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
- Category: World
#World_Health
Published 30 April 2024
▪️ အချို့သော အစားအစာတွေက စိတ်ဖိစီးခြင်း၊ စိုးရိမ်သောကရောက်ခြင်း၊ ဖိအားများခြင်းတို့ကို ပိုမိုဆိုးရွားစေတတ်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့အချိန်မှာ ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ကဖင်း
▪️ ကဖင်းဓာတ်ဟာ နှလုံးခုန်နှုန်း မြန်စေပြီး ပူပန်စိတ် ဖြစ်စေတဲ့အပြင် အိပ်ပျော်ဖို့ကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။
(၂) သကြား
▪️ သကြားများများစားမိတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်စေပြီး စိတ်အခြေအနေကို ထိခိုက်စေတဲ့အပြင် အာဟာရတန်ဖိုး နည်းပါးကာ ကိုယ်အလေးချိန် တက်စေပါတယ်။
(၃) အဆင့်ဆင့်ထုတ်လုပ်ထားသော အစားအစာများ
▪️ အသင့်စားမုန့်များ၊ အေးခဲထားသော အစားအစာများ၊ မုန့်ထုပ်များမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီများ၊ ဆိုဒီယမ်နဲ့ စွဲလမ်းစေသာအရာများ မြင့်မားစွာ ပါဝင်ပါတယ်။
(၄) အယ်လ်ကိုဟော
▪️ အရက်က ခဏတာတော့ စိတ်ပြေလျော့စေပေမယ့် ရေရှည်မှာ ဖိစီးမှုဖြစ်စေကာ အိပ်စက်မှုပုံစံကို နှောင့်ယှက်ပါတယ်။
(၅) အကြော်အလှော်များ
▪️ အာလူးကြော်၊ ကြက်သားကြော်လိုမျိုး ဆီကြော်စားစရာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီများနဲ့ ကယ်လိုရီများ အများအပြား ပါဝင်ကာ နှလုံးကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်ပါတယ်။
(၆) အဆင့်ဆင့်ထုတ်လုပ်ထားသောအသားများ
▪️ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့လို အသားတွေဟာ ဆိုဒီယမ်၊ ပြည့်ဝဆီ၊ တာရှည်ခံဆေးများ ပါဝင်တာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၇) သကြားအစားထိုးအချိုဓာတ်များ
▪️ ဒီလိုအမှုန့်တွေက အူလမ်းကြောင်း ကျန်းမာရေးနဲ့ ဇီဝကမ္မဖြစ်စဥ်တို့အပေါ် ထိခိုက်စေပါတယ်။
(၈) ဆားများလွန်းခြင်း
▪️ ဆားအလွန်အကျွံ စားသုံးခြင်းဟာ ဖောရောင်ခြင်း၊ သွေးဖိအားများခြင်းတို့ ဖြစ်စေနိုင်ကာ ဖိစီးမှုဖြစ်စေပါတယ်။
▪️ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်းတို့ဖြင့် ဖိစီးမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
#Source: DoctorNDTV
- Category: World
#World_Health
Published 30 April 2024
▪️ ခေတ်ကာလ ကြာမြင့်လာတာနဲ့အမျှ လူသားတွေရဲ့ ဦးနှောက် ပိုမိုကြီးထွားလာတာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ မကြာသေးမီက လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။
▪️ ၁၉၇၀ ဝန်းကျင် မွေးဖွားခဲ့သူတွေရဲ့ ဦးနှောက်ဟာ ၁၉၃၀ ဝန်းကျင် မွေးဖွားခဲ့သူတွေရဲ့ ဦးနှောက်တွေထက် ထုထည် ၆.၆ ရာခိုင်နှုန်း၊ မျက်နှာပြင်ဧရိယာ ၁၅ ရာခိုင်နှုန်း ပိုမိုကြီးမားကျယ်ပြန့်လာတယ်လို့ UC Davis Health မှ သိပ္ပံပညာရှင်များ ထုတ်ဖော်ခဲ့ကြပါတယ်။
▪️ ဦးနှောက်အရွယ်အစားနဲ့ ပတ်သက်လို့ မျိုးဗီဇပိုင်းက အရေးကြီးပေမယ့် ကျန်းမာရေး၊ လူမှုရေး၊ ယဥ်ကျေးမှုနဲ့ ပညာရေးစတဲ့ ပြင်ပသက်ရောက်မှုတွေကလည်း ပါဝင်ပတ်သက်နေကြောင်း သုတေသနပြုစုသူ ပရော်ဖက်ဆာ ချားလ်စ်ဒီကာလီက ပြောပြပါတယ်။
▪️ သက်တမ်း ၇၅ နှစ်ခန့်ကြာမြင့်ပြီး ဒုတိယမျိုးဆက်နဲ့ တတိယမျိုးဆက်တို့ကိုပါ စမ်းသပ်စောင့်ကြည့်ခဲ့တဲ့ ဖရိမ်မင်ဂမ် နှလုံးလေ့လာချက်ကနေ သုတေသီတွေက အချက်အလက်တွေကို ပိုက်စိပ်တိုက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေက ၁၉၂၅ မှ ၁၉၆၈ အတွင်း မွေးဖွားခဲ့သူတွေဖြစ်ကာ ပျမ်းမျှအသက် ၅၇ နှစ်ရှိကြပြီး ဦးနှောက် ဓာတ်မှန်ရိုက်ခဲ့ပါတယ်။
▪️ ထိုထဲမှာ လူပေါင်း ၃၂၂၆ ဦးပါဝင်ကာ အမျိုးသမီး ၅၃ ရာခိုင်နှုန်း၊ အမျိုးသား ၄၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
▪️ ၁၉၃၀ ဝန်းကျင် မွေးဖွားသူတွေမှာ ပျမ်းမျှဦးနှောက်ထုထည်က ၁၂၃၄ မီလီမီတာရှိပြီး ၁၉၇၀ ဝန်းကျင် မွေးဖွားသူတွေမှာတော့ ပျမ်းမျှ ၁၃၂၁ မီလီမီတာရှိကာ ၆.၆ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
▪️ ဦးနှောက်အစိတ်အပိိုင်းတွေ ဖြစ်တဲ့ မီးခိုးရောင်သား၊ အဖြူသား၊ ဟစ်ပိုကမ်းပတ်စ်တို့မှာလည်း အရွယ်အစား ကြီးလာတာကို မြင်တွေ့ခဲ့ကြပါတယ်။
▪️ ဒီလိုသာဆိုရင် အယ်လ်ဇိုင်းမားလိုမျိုး အသက်အရွယ်နဲ့ ဆိုင်တဲ့ ဦးနှောက်ယိုယွင်းရောဂါများ ဖြစ်ပွားမှု နည်းပါးလာနိုင်ပါတယ်။
▪️ စမ်းသပ်ချက်ထဲမှာလိုမျိုး ဦးနှောက်အရွယ်အစား ကြီးမားလာတာဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ကျန်းမာရေး တိုးတက်လာတဲ့ သဘောဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဒီကာလီက ရှင်းပြသွားပါတယ်။
#Source: New York Post
- Category: World
အီတလီမှ နာမည်ကြီး ဗင်းနစ်မြို့ဟာ ကြာသပတေးနေ့က အငြင်းပွားဖွယ်စနစ်တစ်ခုကို စတင်လိုက်ပြီး မြို့သို့နေ့တစ်ပိုင်းသာ လာရောက်လည်ပတ်သူတွေကို ၅ ယူရိုငွေ အခကြေး ကောက်ခံသွားမှာ ဖြစ်ပါတယ်။
#World_News
Published 29 April 2024
#ဝင်ကြေးကို ၅ယူရိုကောက်ခံ #အီတလီမှနာမည်ကြီးဗင်းနစ်မြို့
#YMG_News #Yangon_Times #Yangon_Media_Group
- Category: World
#Daily_News
Published_ 29 April 2024
၁။ မေလ ၂ရက်ကစပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် Online Appointment System ဖြင့် ကြိုတင်ရက်ချိန်းယူနိုင်ပြီဟုဆို
၂။ ဂျပန်စာသင်တန်းကျောင်းများ အပိတ်မခံရအောင် မှတ်ပုံတင်ကြရန်လို
၃။ ပြည်တွင်း သကြားဈေး မြင့်တက်လာ
၄။ ဗင်းနစ်မြို့သို့ လာရောက်လည်ပတ်သည့် ဝင်ကြေးကို ၅ယူရိုကောက်ခံသွားမည်ဆို၍ တုန့်ပြန်မှုတွေများနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
၂၉ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား အိမ်ခြံမြေကဏ္ဍမှာ မြန်မာဈေးကွက်ရဲ့ဝယ်အားဟာ ယမန်နှစ်နှင့်ယှဉ်လျှင် ၂၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံရဲ့ ဦးဆောင် အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်ကပြောပါတယ်။
မြန်မာဈေးကွက်ဝယ်အားမြင့်တက်လာတာနှင့်အတူ တရုတ်ဈေးကွက်ကလည်း နိုင်ငံခြားအိမ်ခြံမြေ အရောင်းအဝယ်ကြီးတစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်ကြီးစိုးနေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အချက်က မနှစ်ကနှင့်ယှဉ်လျှင် အိမ်ခြံမြေကုန်သွယ်ရေးကဏ္ဍကြီးတစ်ခုလုံးဟာ ၁၁ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ ထိုင်းမီဒီယာတွေရဲ့သတင်းများမှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှဦ မြန်မာတွေဝယ်ယူမှု သိသိသာသာမြင့်တက်နေရတဲ့ အဓိကအကြောင်းရင်းတစ်ခုက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လို့ သူတို့ကပြောပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှပ်နှံမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ မြို့ဆင်ခြေဖုံးက ကွန်ဒိုမီနီယမ်တွေကိုပိုသဘောကျကြ တယ်လို့ဆိုပါတယ်။ သူတို့ထက်ချမ်းသာတဲ့သူတွေကတော့ မြို့ပြတွေက ကွန်ဒိုတွေကိုပိုမိုဝယ်ယူလာကြတာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ ကွန်ဒိုအခန်းတွေဟာ တစ်ယူနစ်ကို ဘတ်သန်း၄၀မှ ၅၀ အကြားရှိနေပါတယ်။ အချို့တွေဆိုရင် လျှပ်စစ်ရထားဘူတာရုံတွေနှင့်နီးတဲ့ ပင့်တ်ဟောက်လိုအခန်းကြီးမျိုးတွေပါ ဝယ်ယူနေကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် တန်ဖိုးမြင့်ဈေးကွက် အိမ်ခြံမြေကုမ္ပဏီ အနန္တရဲ့အဆိုအရ
၂၀၂၄ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြားဈေးကွက် အရောင်းဟာ ဘတ်ငွေ ၂ဘီလျံအထိရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီတန်ဖိုးဟာ ယမန်နှစ် နောက်ဆုံလေးလပတ်နှင့်ယှဉ်ရင် ၁၄ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ဝယ်ယူသူ အများစုကတော့ တရုတ်တွေဖြစ်ကြပါတယ်။
မြန်မာဈေးကွက်ဟာ တရုတ်နှင့်ယှဉ်ရင်သေးငယ်ပေမယ့် နောက်ထပ်မြင့်တက်လာဖို့ အလားအလာ အလွန်ကောင်းနေ တယ်လို့ အနန္တရဲ့ စီအီးအို ပရာဆတ်ကပြောပါတယ်။
တိုးတက်မှုတစ်ခုအနေနှင့် မြန်မာရင်းနှီးမြှပ်နှံသူတွေဟာ အခန်းတွေငှားရမ်းဖို့အတွက် အိမ်ခြံမြေမှာ ဘတ်ငွေ သန်း၁၀၀ စတင်၍စုပေါင်းရင်းနှီးမြှပ်နှံမှုတွေပြုလုပ်လာခဲ့ပါတယ်။ဒါဟာ အရင်တုန်းကမြန်မာတွေဟာ ကိုယ်တိုင်နေထိုင်ဖို့အတွက်သာ ဝယ်ယူနေရာကနေ သိသာထင်ရှားစွာ လမ်းကြောင်းပြောင်းလဲလာတာဖြစ်တယ်လို့ ထိုင်းမီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။
@ymg/knl
- Category: World
၂၉ ဧပြီ ၂၀၂၄
ဝန်ကြီးအဖွဲ့သစ်စာရင်းမှာ ဒုတိယဝန်ကြီးချုပ်ရာထူးကို သူဆုံးရှုံးသွားတာကို မြင်တွေ့ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနုကာရာနေရာတွင် အစားထိုးမည့် နိုင်ငံခြားရေး ဝန်ကြီးအသစ်ကိုရွေးချယ်ပြီးပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းက တနင်္လာနေ့ ဧပြီ၂၉ ရက်က ပြောပါတယ်။
အဲဒီသူဘယ်သူလည်းဆိုတာကိုတော့ ဝန်ကြီးချုပ်က ထုတ်မပြေပါဘူး။ နိုင်ငံခြားရေးဝန်ကြီးအသစ်ဟာ ဖွေထိုင်းပါတီအတွက် နိုင်ငံခြားရေးမူဝါဒကို ကန့်လာကာနောက်ကွယ်က လုပ်ပေးနေသူတစ်ဦးဖြစ်တယ် လို့ပဲ ဝန်ကြီးချုပ်ကပြောသွားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအသစ်အမည်ကို ထိုင်းဘုရင်မင်းမြတ်ဆီမှ အတည်ပြုချက်ရယူဖို့ မတင်သွင်းခင်မှာ သူ့ရဲ့ အရည်အချင်းတွေကို စစ်ဆေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကဆက်ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဖွေထိုင်းပါတီဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ပန်ပရီဟာ သူ့ရဲ့နှုတ်ထွက်စာကို တနင်္ဂနွေနေ့က ဝန်ကြီးချုပ်ဆီတင်သွင်းခဲ့တာဖြစ်ပါတယ်။
မစ္စတာပန်ပရီကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ပဲပေးတာဟာ သူ့ရဲ့ဒုတိယဝန်ကြီး ဂျက်ကရာပွန် ဆန်ဆာမီ ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ရွှေ့ပြောင်းလိုက်တဲ့အတွက် သူ့ကို နိုင်ငံခြားရေးတာဝန်ကို အပြည့်အဝ ထိန်းချုပ်ဆောင်ရွက်စေချင်လို့ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ဆရက်သာက ခုခံပြောဆိုပါတယ်။
မစ္စတာပန်ပရီနှုတ်ထွက်မယ်လို့ သူထင်မထားကြောင်းနှင့် အပြောင်းအလဲလုပ်လိုက်တာဟာ သူ့ကို မကျေမနပ်ဖြစ်သွားစေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်လို့ ဝန်ကြီးချုပ်ဆရက်သာက ပြောကြားလိုက် ပါတယ်။
@bkkpost
@ymg/knl
- Category: World