၁၉ မေ ၂၀၂၄

အီရန်သမ္မတ အီဗရာဟင် ရိုင်စီနှင့် သူ့ နိုင်ငံခြားရေးဝန်ကြီးတို့ တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစ်စီး တနင်္ဂနွေနေ့က မြူများ ထူထပ်စွာကျဆင်းနေတဲ့ တောင်တွေအပေါ် ဖြတ်သန်းပျံသန်းစဉ် ပျက်ကျခဲ့တယ်လို့ အီရန် နိုင်ငံပိုင်မီဒီယာက သတင်းထုတ်လွှင့်သွားပါတယ်။

အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့အီရန်သမ္မတ ရိုင်စီဟာ အဇာဘိုင်ဂျန်နယ်စပ်မှာ ဆည်တစ်ခုဖွင့်ပွဲကနေအပြန်မှာ ယခုလိုရဟတ်ယာဉ် ပျက်ကျခဲ့တာဖြစ်ပါ  တယ်။

သမ္မတရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ဟာ  အသက်အန္တရာယ်ရှိနေတယ်လို့ အရာရှိတွေကပြောပါတယ်။

“ ကျွန်တော်တို့မျှော်လင့်ထားတုန်းပဲ။ ဒါပေမယ့် ပျက်ကျတဲ့နေရာက သိပ်စိတ်ပူစရာကောင်းတယ်” လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးကပြောပါတယ်။

ဆိုးရွာတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ရတာ ရှုပ်ထွေးမှုဖြစ်စေတယ်လို့ နိုင်ငံပိုင် အိုင်အာရ်အင်န်အေ သတင်းအေဂျင်စီ ကပြောပါတယ်။

Source NDTV