၂၉ ဧပြီ ၂၀၂၄

ဝန်ကြီးအဖွဲ့သစ်စာရင်းမှာ ဒုတိယဝန်ကြီးချုပ်ရာထူးကို သူဆုံးရှုံးသွားတာကို မြင်တွေ့ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနုကာရာနေရာတွင် အစားထိုးမည့် နိုင်ငံခြားရေး ဝန်ကြီးအသစ်ကိုရွေးချယ်ပြီးပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းက‌ တနင်္လာနေ့ ဧပြီ၂၉ ရက်က ပြောပါတယ်။

အဲဒီသူဘယ်သူလည်းဆိုတာကိုတော့ ဝန်ကြီးချုပ်က ထုတ်မပြေပါဘူး။ နိုင်ငံခြားရေးဝန်ကြီးအသစ်ဟာ ဖွေထိုင်းပါတီအတွက် နိုင်ငံခြားရေးမူဝါဒကို ကန့်လာကာနောက်ကွယ်က လုပ်ပေးနေသူတစ်ဦးဖြစ်တယ် လို့ပဲ ဝန်ကြီးချုပ်ကပြောသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအသစ်အမည်ကို ထိုင်းဘုရင်မင်းမြတ်ဆီမှ အတည်ပြုချက်ရယူဖို့  မတင်သွင်းခင်မှာ သူ့ရဲ့ အရည်အချင်းတွေကို စစ်ဆေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကဆက်ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ ဖွေထိုင်းပါတီဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ပန်ပရီဟာ သူ့ရဲ့နှုတ်ထွက်စာကို  တနင်္ဂနွေနေ့က ဝန်ကြီးချုပ်ဆီတင်သွင်းခဲ့တာဖြစ်ပါတယ်။

မစ္စတာပန်ပရီကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ပဲပေးတာဟာ သူ့ရဲ့ဒုတိယဝန်ကြီး ဂျက်ကရာပွန် ဆန်ဆာမီ ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ရွှေ့ပြောင်းလိုက်တဲ့အတွက် သူ့ကို နိုင်ငံခြားရေးတာဝန်ကို အပြည့်အဝ ထိန်းချုပ်ဆောင်ရွက်စေချင်လို့ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ဆရက်သာက ခုခံပြောဆိုပါတယ်။

မစ္စတာပန်ပရီနှုတ်ထွက်မယ်လို့ သူထင်မထားကြောင်းနှင့် အပြောင်းအလဲလုပ်လိုက်တာဟာ သူ့ကို မကျေမနပ်ဖြစ်သွားစေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်လို့ ဝန်ကြီးချုပ်ဆရက်သာက ပြောကြားလိုက် ပါတယ်။

@bkkpost

@ymg/knl