Published 24 May 2022

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကို ချိတ်ဆက်ထားတဲ့ နိုင်ငံတကာ အထူးရထားအသစ်အဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ကနေ  ရထားတစ်စီးဟာ တနင်္လာနေ့က ထွက်ခွာလာပါတယ်။ ဒါဟာ တရုတ်-အာဆီယံ ကုန်သွယ်ရေးစင်္ကြသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းလည်းဖြစ်ပါတယ်။

စက်ပစ္စည်းတွေ၊အီလက်ထရွန်းနစ်နှင့်မော်တော်ကား အစိတ်အပိုင်းတွေပါဝင်တဲ့ TEUကွန်တိန်နာအလုံး(၆၀)ကို သယ်ဆောင်လာတဲ့ ရထားဟာ အနောက်တောင်ယူနန်ပြည်နယ်က လင်ချမ်းကိုဖြတ်သန်းပြီး မြန်မာနိုင်ငံမန္တလေးမြို့ကို ၁၅ရက်အကြာမှာ ရောက်ရှိပါမယ်။

ယခုကုန်ရထားလမ်းကြောင်းဟာ ပုံမှန်လမ်းကြောင်းတွေထက် ရက်ပေါင်း၂၀ အချိန်သက်သာပြီး ထောက်ပို့စရိတ်တွေကိုလည်း ၂၀ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။

ချုံကျင့်နှင့် အနီးတစ်ဝိုက်က ကုန်ပစ္စည်းတွေဟာ ဒီလမ်းကြောင်းအသစ်ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို တင်ပို့နိုင်မှာဖြစ်ပြီး ဥရောပ၊အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသတွေဆီ ရောက်ရှိမှာဖြစ်ပါတယ်။

အဲဒီအပြင် လမ်းကြောင်းသစ်ဟာ  ချုံချင့်ကို အာဆီယံနှင့် RCEPအဖွဲ့ဝင်နိုင်ငံတွေနှင့် ချိတ်ဆက်မှု မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

Source CCTV