#WorldHealth

++++++++++++++++++++++++++++++++++++++++++

Published _7 Oct  2021

အက်စ်ပရင်ဖြင့်ကုသခြင်းဟာ စက်ပစ္စည်းအသုံးပြုအသက်ရှူခြင်းကို ၄၄ ရာခိုင်နှုန်း၊ အထူးကြပ်မတ်ကုသမှုကို ၄၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပြီး ဆေးရုံတက်ရောက်ကုသမှုမှ သေဆုံးမှုနှုန်းကို ၄၇ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ဆေးညွှန်းစရာမလိုတဲ့ အက်စ်ပရင်တွေဟာ ကိုဗစ်ကူးစက်လူနာတွေရဲ့ အဆုတ်ကို ကာကွယ်ပေးနိုင်ပြီး အသက်ရှူအကူအညီလိုအပ်မှုကို လျှော့ချပေးနိုင်တယ်လို့ ဂျော့ဂ်ျဝါရှင်တန်တက္ကသိုလ်မှ သုတေသီတွေကဆိုပါတယ်။

ကိုဗစ်ရောဂါအတွက်မဟုတ်ဘဲ အက်စ်ပရင်သုံးစွဲနေတဲ့ အမေရိကန်တဝိုက်ဆေးရုံတက်နေသူ ကိုဗစ်လူနာ ၄၀၀ ကျော်ကို စစ်ဆေးရာ ထိုကုသမှုက ရောဂါအခြေအနေတွေကို တဝက်နီးပါးအထိ လျော့နည်းစေတာကို တွေ့ရပြီး စက်ပစ္စည်းအကူအညီသုံး အသက်ရှူရခြင်းကို ၄၄ ရာခိုင်နှုန်း၊ အထူးကြပ်မတ်ကုသရမှုကို ၄၃ ရာခိုင်နှုန်းနဲ့ ဆေးရုံတွင်း လူနာသေဆုံးမှုကို ၄၇ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

"သွေးခဲတွေအကြောင်းနဲ့ ကိုဗစ်ရောဂါအကြောင်းကို ကျွန်တော်တို့ဆက်စပ်လေ့လာမိသလောက် ဦးနှောက်သွေးကြောပြတ်ခြင်းနဲ့ ရုတ်တရက်နှလုံးသွေးကြောပိတ်ခြင်းတို့ကို ကာကွယ်ရာမှာ အက်စ်ပရင်ကိုအသုံးပြုနိုင်တာကြောင့် ကိုဗစ်ရောဂါလူနာတွေအတွက် အရေးကြီးတယ်" လို့ လေ့လာရေးအဖွဲက ဒေါက်တာဂျိုနသန်ချောင်က ဆိုပါတယ်။

"အက်စ်ပရင်အနည်းငယ်သုံးစွဲခြင်းနဲ့ ကိုဗစ်ရောဂါပြင်းထန်သေဆုံးမှု လျော့နည်းစေခြင်းတို့ဟာ ဆက်စပ်မှုရှိနေတယ်လို ကျွန်တော်တို့တွေ့ရှိထားပါတယ်" လိုဆိုပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါရှိတဲ့ လူအများစုနဲ့ သွေးခဲခြင်းတွေ ဦးနှောက်သွေးကြောပြတ်ခြင်းတွေ ဖြစ်တတ်တဲ့ လူနာတွေမှာ အက်စ်ပရင်အနည်းငယ်ပေးပြီး ကုသလေ့ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တတ်ပေမယ့် အဆုတ်သွေးကြောလည်ပတ်မှုစနစ်မှာလည်း သွေးကြောထဲသွေးခဲကာ သွေးကြောပိတ်ခြင်းဖြစ်လေ့ရှိပြီး အဆုတ်ထဲအရည်ဝင်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

အစ္စရေးသုတေသီတိုက ဘာဇီလိုင်ဆေးကုသမှုစင်တာမှာ မတ်လအတွင်း ရှေ့ပြေးစမ်းသပ်ချက်ပြုလုပ်ခဲ့တဲ့ ရလာဒ်တွေဟာလည်း ထိုနီးတူဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။သွေးခဲလေးတွေအပေါ် သက်ရောက်မှုအပြင် အက်စ်ပရင်ဟာ ရောဂါခုခံကာကွယ်နိုင်စွမ်းရှိတာကို တွေ့ရှိခဲ့ကြပြီး အက်စ်ပရင်သုံးစွဲနေတဲ့သူတွေဟာ ရောဂါပိုးကူးစက်မှု ၂၉ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိရပါတယ်။

"အက်စ်ပရင်က ဈေးသက်သာပြီး အလွယ်တကူရနိုင်တယ်၊ လူနာသန်းပေါင်းများစွာကလည်း ကျန်းမာရေးအတွက် သုံးစွဲနေကြပါတယ်" လို့ ချောင်ကဆိုပါတယ်။"ကိုဗစ်ရောဂါရဲ့ ဆိုးရွားမှုတွေကို လျှော့ချဖို့အတွက် ဒီတွေ့ရှိချက်က အတော်အကျိုးရှိပါတယ်" လို့ ဆိုပါတယ်။

Source The Jerusalem Post