Published 6 October 2021

စကွစ်ဂိမ်းဆိုတဲ့ နာမည်ကျော် ကိုးရီးယားသည်းထိတ်ရင်ဖို ဒရာမာစီးရီးနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှုမြင့်မားနေကြပါတယ်။ အဲဒီစီးရီးနှင့်ပတ်သက်ပြီး လူတွေတော်တော်များများ မသိကြသေးတဲ့အချက်(၁၀)ချက်က ဘာတွေလဲ..။

 

၁။ စကွစ်ဂိမ်းက မူလနာမည်ရှိတယ်

၂၀၁၉ခုနှစ် စက်တင်ဘာလမှာ  နက်ဖလစ်က ဒီစီးရီးကို ကြေညာတုန်းက မူရင်းအမည်က Round Six  (ခြောက်ကျော့မြောက်)ပါ။

 

၂။ ဒီစီးရီးအတွက် ဇာတ်ညွှန်းကို ဟွမ်ဒေါယတ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက စတင်ရေးသားခဲ့တယ်။

ဒီကားကိုဖန်တီးသူ ဟွမ်ဒေါင်ဟတ်ဟာ နိုင်ငံတကာဖျော်ဖြေရေးကုမ္ပဏီကြီးနှင့် စတင်ပူးပေါင်းလုပ်ဆောင်တာ သူ့အတွက် ပထမဆုံးဖြစ်ပါတယ်။

၂၀၀၈ခုနှစ်မှာ ဟွမ်ဟာ ဇာတ်ညွှန်းကိုစတင်ရေးသားခဲ့ပြီး ပထမစာမူကြမ်းကို ၂၀၀၉ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ စာရေးဆရာနှင့်ဒါရိုက်တာဖြစ်တဲ့သူ့အတွက် စကွစ်ဂိမ်းရဲ့ ပထမဆုံးအပိုင်းနှစ်ပိုင်းကိုရေးသားရတာတင် အချိန်ခြောက်လနီးပါးကြာမြင့်ခဲ့ပါတယ်။

သူ့ရဲ့ဇာတ်လမ်းက သမားရိုးကျမဟုတ်ဘဲ ကြမ်းကြုတ်မှုတွေပါတယ်လို့ သူခံစားရတယ်၊ အဲဒါကြောင့် ဒီဇာတ်လမ်းကို လူတွေက သိပ်စိတ္တဇဆန်တယ်လို့မြင်သွားပြီး လူကြိုက်များဖို့နှင့် စီးပွားရေးအရအောင်မြင်ဖို့ခက်လိမ့်မယ်လို့ သူစိတ်ပူတယ်လို့ အဲဒီအချိန်တုန်းက သူက ရေဒီယိုတိုင်းမ် ကိုပြောခဲ့ပါတယ်။

ဆယ်စုနှစ်တစ်စုကြာပြီးနောက် နက်ဖ်လစ်က သူ့ဇာတ်ကိုယူလိုက်တဲ့ အချိန်တိုင်အောင် သူဟာ သရုပ်ဆောင်တွေရှာရတာနှင့် ငွေကြေးရှာရတာ အတော်ခက်ခဲရုန်းကန်ခဲ့ရတယ်။

“ ၁၂နှစ်ကျော်ကြာပြီးနောက် ကမ္ဘာကြီးက ပြောင်းလဲသွားတယ်။ မနှစ်မြို့စရာတွေ၊ ကြမ်းကြုတ်တာတွေစတဲ့ ဇာတ်လမ်းတွေကို  ကြိုဆိုလက်ခံလာကြတယ်” လို့ သူက ကိုးရီးယားတိုင်းမ်ကို ပြောပါတယ်။

 

၃။စကွစ်ဂိမ်းက မူလတုန်းက ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရည်ရွယ်ခဲ့တယ်

ဗာရိုက်တီမဂ္ဂဇင်းနှင့်အင်တာဗျူးတစ်ခုမှာ ဇာတ်ကားဖန်တီးသူက သူ့အနေနှင့် မူလက ဒီဇာတ်လမ်းကို ရုပ်ရှင်ကားကြီး အဖြစ်ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဟွမ်ရဲ့နောက်ကြောင်းကို ပြန်စဉ်းစားကြည့်ရင်လည်း ဒါဟာ သိပ်အံအားသင့်စရာတော့ မဟုတ်ပါဘူး။သူဟာ နာမည်ကြီးခဲ့တဲ့ Silenced နှင့် The Fortress တို့လိုဇာတ်ကားမျိုးတွေကို ရေးသားရိုက်ကူးခဲ့တာပါ။ ပြီးတော့သူဟာ ဇာတ်ညွှန်းနှင့်ဒါရိုက်တာအဖြစ် ကိုရီးယားရဲ့အအောင်မြင်ခဲ့ဆုံးသော ရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ တေးဂီတဇာတ်မြူး Miss Granny  ကိုဖန်တီးခဲ့တာပါ။

 

၄။ ကစားသမားတွေရဲ့အခန်းက နံရံပေါ် လျှောက်ခြစ်ရေးထားတာတွေဟာ ဂိမ်းတွေကို နိမိတ်ပြထားတာတွေပါ

ကုတင်တွေနှင့်ကာထားတဲ့ မတ်ရပ်နံရံတွေမှာ ရေးခြစ်ထားတဲ့ပုံတွေရှိပါတယ်။ အဲဒီပုံတွေဟာ ကစားသမားတွေကို နောက်တစ်ပွဲမှာ ကစားရမယ့် ဂိမ်းတွေကို မြင်အောင် သဲလွန်စပေးထားတာပါ။

၅။ ပထမဆုံးဂိမ်းရဲ့ အရုပ်ကြီးက သွားရောက်လည်ပတ်ကြည့်ရှုနိုင်တဲ့ တကယ်ဖန်တီးထားတဲ့အပြင်က အရုပ်ပါ

 

စီးရီးရဲ့ပထမဆုံးအပိုင်းက ထိတ်လန့်စရာ အရွယ်အစားကြီးမားလှတဲ့ အရုပ်ကြီးက တကယ့်အရုပ်ကြီးပါ။ အဲဒီအရုပ်ကြီးကို ဆိုးလ်မြို့ရဲ့မြောက်ဘက် က ကျေးလက်ဒေသဖြစ်တဲ့ ဂျင်ချီယွန်ကောင်တီမှာ ရှာတွေ့နိုင်ပါတယ်။

အဲဒီအရုပ်ဟာ တကယ်တမ်းတော့ စကွစ်ဂိမ်းရိုက်ဖို့ ခဏငှားခဲ့တာဖြစ်ပြီး အခုပြန်ပေးလိုက်တာပါ။ သူမ(အဲဒီအရုပ်)ကြီးဟာ  ယခုအချိန်မှာ မြင်းရထားလုံးပြတိုက်ရဲ့ အဝင်ဝမှာ စောင့်ကြပ်နေပါတယ်လို့ ကိုးရီးယားဘို သတင်းက ပြောပါတယ်။

 

၆။ ပထမဆုံးအပိုင်းက ဖုန်းနံပါတ်ဟာ အပြင်မှာ တကယ်ရှိပါတယ်။

 

ဇာတ်လမ်းထဲမှာ ဂိမ်းကစားပြိုင်ပွဲဝင်မယ့်သူတွေဟာ  ထူးခြားဆန်းကြယ်လှတဲ့ လုပ်ငန်းကတ်ပြားပေါ်က ဂဏန်းရှစ်လုံးပါတဲ့ ဖုံးနံပါတ်ကိုခေါ်ြကရပါတယ်။

ကံအကြောင်းမလှစွာပဲ အဲဒီဖုန်းနံပါတ်က အပြင်မှာ တကယ်ရှိနေပါတယ်။ လူတစ်ယောက်ပိုင်ဆိုင်တာပါ။ သူ့ခမျာ နေ့စဉ် အကြိမ်၄၀၀၀လောက်ဖုန်းခေါ်ခံနေရတယ်လို့ သူကပြောပါတယ်။

အဲဒီဖုန်းနံပါတ်ကို တောင်ကိုးရီယားသမ္မတဝင်ရွေးခံမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးက သူ့ဆီက လိုက်ဝယ်နေပါတယ်တဲ့။

 

၇။ ဇာတ်ကားထဲက စိန်ခေါ်ကစားပွဲတွေထဲက တစ်ခုဟာ အခု တစ်တော့ခ်ရဲ့ Trend (လူကြိုက်များရာစီးကြောင်း)တစ်ခုဖြစ်လာနေတယ်။

ပျားတော်ဖီတစ်မျိုးဖြစ်တဲ့ ဒယ်လ်ဂိုနာသကြားလုံးနှင့်စိန်ခေါ်တဲ့ ဇာတ်ကွက်ဟာ တစ်တော့ဆော့တဲ့သူတွေကို အားကျစရာ ဖြစ်လာစေပြီး သူတို့ဟာ သူတို့ ပုံစံနှင့်သူတို့ ကစားနေကြပါတဘ်။

သကြားလုံးမှာ ခပ်ရိုးရိုးအမယ်နှစ်မျိုးပါဝင်ပါတယ်။ သကြားနှင့်မုန့်ဖုတ်ဆိုဒါပါ။ ဒါပေမယ့်  စိန်ခေါ်ကစားကြတာက အဲဒီမုန့်ကို မကျိုးမပဲ့စေဘဲ မုန့်ပေါ်က ရုပ်ပုံတစ်ဝိုက်စားပြရတာပါ။

၈။ စကွစ်ဂိမ်းကြောင့် နက်ဖ်လစ်မှာ အလားတူဇာတ်ကားမျိုးလုပ်လာကြတော့မယ်

စကွစ်ဂိမ်းကြောင့် အလားတူ အင်္ဂလိပ်ဘာသာမဟုတ်တဲ့ ဇာတ်ကား(ပွဲ)မျိုး တိုးမြှင့်ထုတ်လုပ်လာကြလိမ့်မယ်လို့ ဖော့ဘ်စ် မဂ္ဂဇင်းကြီးက ရေးသားပါတယ်။  အဲဒီကားစပြကတည်းက ဂျပန်သည်းထိတ်ရင်ဖိုစီးရီး Alice in Borderland နှင့် ကိုးရီးယားဒရာမာ Sweet Home တို့နှစ်ကားစလုံးဟာ နက်ဖ်လစ်မှာ လူကြိုက်များရေပန်းစားလာပါတယ်။

၉။ နက်ဖ်လစ်ရဲ့ သမိုင်းကြောင်းမှာ ဒီကားဟာ အကောင်းဆုံးပြသပွဲတွေထဲက တစ်ခုအဖြစ်မှတ်တမ်းတင်သွားပါတယ်

ဒီပြသပွဲဟာ ခပ်မြန်မြန်ကြီးကို စိတ်ဝင်တစာားဖြစ်ကုန်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နက်ဖ်လစ် ထိပ်တန်း ကား၁၀ကားမှာ နံပါတ်တစ်ချိတ်သွားတဲ့ ပထမဆုံးကိုးရီးယားဒရာမာစီးရီးဖြစ်ခဲ့ပါတယ်။

နက်ဖ်လစ်ရဲ့ တွဲဖက်အမှုဆောင်အရာရှိချုပ် ဆာရန်ဒိုးစ်က “စကွစ်ဂိမ်းဟာ အွန်လိုင်းပေါ်ပြသတဲ့ရုပ်ရှင်တွေထဲမှာ အကျော်ကြားဆုံးပြသပွဲတစ်ခုအဖြစ် အင်မတန်ကောင်းမွန်တဲ့ အခွင့်အရေးကြီးရရှိသွားပါတယ်” လို့ပြောပါတယ်။

၁၀။ဒုတိယမြောက်အတွဲ ထပ်လုပ်ဖို့ လောလောဆယ် အစီအစဉ်မရှိသေး

ဟွမ်က သူ့အနေနှင့် ဒီဇာတ်လမ်းရဲ့ ဒုတိယအတွဲဆက်ရိုက်ဖို့ထက် နောက်ထပ် ရုပ်ရှင်အသစ်တွေသာ ထပ်ရိုက်ကူးချင်ပါတယ်လို့ ပြောပါတယ်။

“စကွစ်ဂိမ်း-၂ အတွက် အစီအစဉ်တွေလုပ်ထားတာ ဘာမှမရှိဘူး” လို့ သူက ဗရိုက်တီကိုပြောပါတယ်။” အဲဒီအကြောင်းစဉ်းစားရုံနှင့်တင် အတော်ပင်ပန်းနေပြီ။ တကယ်လို့ လုပ်ရတော့မယ်ဆိုရင်တောင် ကျွန်တော်တစ်ယောက်တည်း မလုပ်တော့ဘူးဗျာ။ စာရေးဆရာတွေအများကြီးနှင့် အတွေ့အကြုံရှိဒါရိုက်တာတွေသုံးဖို့ ပဲ စဉ်းစားမယ်” လို့ သူကပြောပါတယ်။

Source: SCMP