#WorldNews

++++++++++++++++++++++++++++++++++++++++++

Published - 7  Oct 2021

ထိုင်းနိုင်ငံပိုင် PTT စက်သုံးဆီလုပ်ငန်းက လောင်စာဆီအမျိုးမျိုးကို နိုင်ငံတကာအနှံ ဖြန့်ဖြူးရောင်းချဖိုအတွက်စီစဉ်နေတဲ့အပြင် နိုင်ငံတကာရှိ Cafe Amazon ကော်ဖီဆိုင်တွေကိုလည်း သုံးဆကျော်အထိတိုးချဲ့ကာ ၂၀၂၅ မှာ ဆိုင်ပေါင်း ၁၀၀၀ ခန့်အထိ တိုးချဲ့သွားဖိုရည်ရွယ်ထားပါတယ်။

ဒီကော်ဖီဆိုင်ခွဲတွေဟာ ထိုင်းနိုင်ငံပြင်ပ အခြားနိုင်ငံတွေမှာတော့ လက်ရှိနေရာပေါင်း ၂၉၈ နေရာအထိရှိနေပါတယ်။အခြားနိုင်ငံတွေမှာ ကော်ဖီဆိုင်တွေတိုးချဲ့နိုင်ဖို့ စားသောက်ဆိုင်ကြီးတွေနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီချက်တွေရရှိဖို့ PTT က ရည်မှန်းထားတာဖြစ်ပါတယ်။

PTT အဖွဲအစည်းက ဈေးကွက်ထိုးဖောက်မှု စားသောက်ဖွယ်ရာသတ်မှတ်မှုတွေမှာ ကူညီလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။လုပ်ငန်းဆောင်တာတွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ ဖွဲစည်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။သူတို့ရဲ့ ရည်မှန်းချက်ကတော့ ၂၀၂၅ မှာ Cafe Amazon ကနေ ဒေါ်လာ ၁ ဘီလီယမ်ရရှိအောင် လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။

Cafe Amazon ကော်ဖီဆိုင်တွေကို ဖွင့်ထားတဲ့ PTT စက်သုံးဆီနဲ့ လက်လီအရောင်းစီးပွားရေးကုမ္ပဏီက "လောင်စာဆီအပြင် လက်လီရောင်းချခြင်း" ဆိုတဲ့ ဆောင်ပုဒ်အသစ်ကို လက်ကိုင်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းကျော်က စက်သုံးဆီလုပ်ငန်းမှ ရရှိခဲ့တာဖြစ်ပြီး ဖွင့်လှစ်ထားတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကနေ အများဆုံး ရရှိခဲ့တာဖြစ်ပါတယ်။

Cafe Amazon ကို ၂၀၀၂ ခုနှစ်က PTT စက်သုံးဆီအရောင်းဆိုင်တွေမှာ ဖွင့်ထားတဲ့ ကော်ဖီဆိုင်တွေရဲ့နာမည်အဖြစ် စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒီစီးပွားရေးလုပ်ငန်းဟာ ကမ္ဘာတဝန်းက ကော်ဖီဆိုင်လုပ်ငန်းတွေထဲမှာ ဆဌမမြောက်အအောင်မြင်ဆုံးဖြစ်လာပြီး ဇွန်လမှာ ထိုင်းနိုင်ငံတစ်နိုင်ငံတည်းမှာတင် နေရာပေါင်း ၃၄၃၂ နေရာအထိ ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါတယ်။ Cafe Amazon ကော်ဖီဆိုင်တွေဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ဖွင့်လှစ်ထားပြီး အရှေ့တောင်အာရှနိုင်ငံ ၇ နိုင်ငံနဲ့ တရုတ် ဂျပန် အိုမန်နိုင်ငံတို ပါဝင်နေပါတယ်။

ဖေဖော်ဝါရီလအတွင်း PTT စက်သုံးဆီနဲ့ လက်လီအရောင်းစီးပွားရေးကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ စတော့ရှယ်ယာဈေးကွက်မှာ ပါဝင်လာပါတယ်။

Source Nikkei Asia