#WorldPolitics

++++++++++++++++++++

Published- 7 Oct 2021

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့သမ္မတတွေအနေနဲ့ ဒီနှစ်မကုန်ခင်မှာ အွန်လိုင်းအစည်းအဝေးပြုလုပ်ဖို့ နှစ်နိုင်ငံသဘောတူညီချက် ရရှိခဲ့ပြီဖြစ်တယ်လို့ အမေရိကန်အုပ်ချုပ်ရေးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေး တိုးတက်လာဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ လေဆိပ်ဟိုတယ်မှာ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်နဲ့ တရုတ်ထိပ်တန်းသံတမန် ယန်ဂျီချီတိုတွေ့ဆုံခဲ့တဲ့ တံခါးပိတ်အစည်းအဝေးဟာ မတ်လအတွင်းအလက်စကာက မကျေနပ်ချက်တွေ ထွက်ပေါ်လာခဲ့တဲ့ ထူးခြားဖြစ်စဉ်အပြီး နှစ်နိုင်ငံကြား ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။

ဒီနိုင်ငံကြီးနှစ်နိုင်ငံအကြား စီးပွားရေးအခြေအနေတွေ ရှေ့တိုးနောက်ဆုတ်လုပ်ဖို့ ခက်ခဲနေတဲ့အခြေအနေတွေရှေးရှုပြီး အမေရိကန်သမ္မတဘိုင်ဒန်က စက်တင်ဘာ ၉ ရက်မှာ တရုတ်သမ္မတရှီဂျင်ပင်နဲ့တွေ့ဆုံဖို့တောင်းဆိုအပြီးမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက အကြံပြုထားပါတယ်။

တောင်တရုတ်ပင်လယ်က တရုတ်ရဲ့လုပ်ရပ်တွေ ဟောင်ကောင် ရှင်ကျန် ထိုင်ဝမ်တို့အပေါ်ထားရှိတဲ့ ပေကျင်းရဲ့ရပ်တည်ချက်နဲ့ လူ့အခွင့်အရေးတွေ စတဲ့လက်မခံနိုင်စရာလုပ်ရပ်တွေအပေါ် ဆာလီဗန်က အထူးအလေးထားနေကြောင်း အမေရိကန်အိမ်ဖြူတော်က ဆိုပါတယ်။

အချိန် ၆ နာရီကြာမြင်ခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ ပေကျင်းနဲ့ ဝါရှင်တန်တိုရဲ့ဆွေးနွေးချက်တွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်ခဲ့ကြပြီး အလက်စကာဖြစ်ရပ်နဲ့တုန်းက အခြေအနေနဲ့ လုံးဝခြားနားသွားတယ်လို့ အမေရိကန်ဘက် ဆိုပါတယ်။

"ဒီကနေ့ ဆွေးနွေးကြရာမှာ ဒီနှစ်မကုန်ခင် နှစ်နိုင်ငံကြားအွန်လိုင်းထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ သဘောတူညီချက်ရခဲ့ပါတယ်" လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။"'ဒီအစည်းအဝေးကို ဘယ်လိုပုံစံမျိုးလုပ်မယ်  ဘယ်အချိန်လုပ်မယ် ဘာတွေအတိအကျလုပ်မယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေဆဲဖြစ်တယ်" လို့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ ယန်ဆာကီမှ ဆိုပါတယ်။

အောက်တိုဘာလအတွင်း အီတလီမှာပြုလုပ်မယ့် G20 ထိပ်သီးအစည်းအဝေးမှာ သမ္မတနှစ်ယောက် လူချင်းတွေ့ဆုံနိုင်မယ်လို့ အစောပိုင်းမှာမှန်းထားပေမယ့် ပြီးခဲ့တဲ့နှစ်အစောပိုင်း ကပ်ရောဂါပျံ့ပွားမှုဖြစ်ကတည်းက ရှီဟာ တရုတ်ပြည်ကနေ ဘယ်ကိုမှမထွက်ခွာသေးပါဘူး။နှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံခြင်းဟာ ဒီနိုင်ငံတွေအပြင် ကျန်နိုင်ငံတွေအတွက်ပါ ထိခိုက်စေနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

နှစ်နိုင်ငံအနေနဲ့ ထိထိရောက်ရောက်လုပ်ဆောင်ဖို့ အကျိုးရှိရှိဆက်ဆံနိုင်ဖို့ ခွဲခြားခြင်းတွေကို ကိုင်တွယ်ဖို့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားဖို့ သဘောတူညီခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Source REUTERS