#WorldHealth

+++++++++++++++++++++++++++++++++

Published- 6 Oct 2021

ကိုရိုနာဗိုင်းရပ်စ်နဲ့ထိတွေ့ခဲ့တဲ့ စုံတွဲတွေကို စမ်းသပ်လေ့လာရာမှာ တစ်ဦးသာ ရောဂါကူးစက်ခံရတာကို တွေ့ရှိခဲ့ရခြင်းဟာ ဘာကြောင့်အချို့လူတွေအနေနဲ့ ရောဂါပိုးကို သဘာဝအရခုခံနိုင်သလဲဆိုတဲ့အချက်ကို သိရှိနားလည်လာစေပါတယ်။

သုတေသီတွေက ဒီဖြစ်ရပ်ဟာ ဖြစ်တောင့်ဖြစ်ခဲလို့ ယုံကြည်ပေမယ့်လည်း ထိုဖြစ်ရပ်ကိုစမ်းသပ်ဖို့ တောင်းဆိုခဲ့ရာ ထောင်နဲ့ချီသောစုံတွဲတွေ အစမ်းသပ်ခံဖို့ပေါ်ထွက်လာပါတယ်။နောက်ဆုံးမှာတော့ စုံတွဲ ၈၆ တွဲဆီက သွေးနမူနာတွေယူပြီး စမ်းသပ်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ ရောဂါပိုးခုခံနိုင်တဲ့ လက်တွဲဖော်တွေမှာ Natural Killer(NK) ဆဲလ်လေးတွေကို ပိုများလာအောင် ထုတ်လုပ်ပေးနိုင်တဲ့ မျိုးရိုးဗီဇလက္ခဏာတွေ ပိုမိုပါဝင်တာကိုတွေ့ရပြီး ထိုဆဲလ်တွေဟာ ခန္ဓာကိုယ်ထဲကို ပိုးမွှားဝင်ရောက်ပါက ကနဦးတုံပြန်ဆောင်ရွက်တဲ့ ကိုယ်ခံအားစနစ်မှာ ပါဝင်ပတ်သက်နေပါတယ်။

NK ဆဲလ်လေးတွေ ပုံမှန်အလုပ်လုပ်တဲ့အခါ ရောဂါပိုးကူးစက်တဲ့ မကောင်းတဲ့ဆဲလ်တွေကို ချက်ချင်းသိပြီး တိုက်ဖျက်ပေးကာ ရောဂါဆက်လက်မပျံ့ပွားအောင် ကာကွယ်ပေးတယ်လို့ အင်္ဂါနေ့ထုတ် Frontier in Immunology ဂျာနယ်က သတင်းတစ်ခုမှာ သုတေသီတွေက ရှင်းပြထားပါတယ်။

"ကျွန်မတို့ရဲ့ အဆိုပြုမူကြမ်းကတော့ ရောဂါကူးစက်ဖိုလွယ်တဲ့ လက်တွဲဖော်မှာတွေ့ရလေ့ရှိတဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်းတွေဟာ NK ဆဲလ်တွေအလုပ်လုပ်တာကို ဟန့်တားစေနိုင်တယ်"လို ဘရာဇီးလ် ဆာပေါ်လိုတက္ကသိုလ်မှ ဦးဆောင်လေ့လာသူ မာယာနာဇက်ဇ်က ဖော်ပြလိုက်ပါတယ်။

လက်ရှိစမ်းသပ်ချက်တွေအရတော့ ဒါကိုသက်သေမပြနိုင်ဘူးလို ဖြည့်စွက်ပြောသွားပါတယ်။ စမ်းသပ်လေ့လာချက်တွေ ထပ်ပြုလုပ်ပြီး ရှာဖွေတွေ့ရှိချက်တွေ မှန်ကန်ပြီဆိုရင်တောင်မှ တခြားကိုယ်ခံအားစနစ်လုပ်ဆောင်ပုံတွေကိုလည်း လေ့လာဖို့လိုသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Source REUTERS