Published 5 Oct 2021 မိုက်ရူးရဲဆန်တဲ့ တောင်တက်သမားတစ်ဦးအကြောင်းရိုက်ကူးတဲ့ ဖရီးဆိုလို free Solo မှတ်တမ်းရုပ်ရှင်နှင့် အော်စကာဆု ရရှိခဲ့ပြီးနောက် အဲလစ်ဇဘက်ချိုင်း ဗာဆာဟေလျီ နှင့် ဂျင်မီချင်း တို့ဟာ သူတို့ရဲ့ နောက်ထပ်ဇာတ်ကားအတွက် တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း နောက်ထပ်တစ်ပုဒ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ ၂၀၁၈ခုနှစ်တုန်းက ထိုင်းနိုင်ငံက ဂူတစ်ဂူအတွင်းကနေ ယောကျ်ားကလေးဘောလုံးအသင်းတစ်သင်းကို ပြန်ကယ်ထုတ်ခဲ့ရတဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။ယခုမှတ်တမ်းဇာတ်ကားကို Rescue (ရက်စ်ကူး) ကယ်တင်ခြင်း လို့အမည်ပေးထားပါတယ်။ Source AFP