#WorldHealth

+++++++++++++++++++++++++++++++++++++++++++++

Published 5 Oct 2021

ကိုဗစ်လူနာတွေအနေနဲ့ ရောဂါမကူးစက်ခံရခင်အချိန်ရော ကူးစက်ခံရပြီးချိန်မှာပါ သွေးကျဲဆေးအသုံးပြုခြင်းဖြင့် သေဆုံးမှုကို ထက်ဝက်နီးပါးလျှော့ချနိုင်ကြောင်း လေ့လာတွေ့ရှိချက်အသစ်မှာ ဖော်ပြထားပါတယ်။

ညွှန်းထားတဲ့သွေးကျဲဆေးတွေကို အသုံးပြုခြင်းဖြင့် ကိုဗစ်ရောဂါကြောင့်ဖြစ်ရတဲ့ သွေးခဲခြင်း ဆေးရုံတက်ကုသမှုခံယူခြင်းတွေကို လျှော့ချနိုင်ဖို့ လူတိုင်းလေ့လာနိုင်ပြီး ပညာရှင်အချင်းချင်းလေ့လာသုံးသပ်တဲ့ဂျာနယ်ထဲမှာ ဖော်ပြတဲ့ The Study က နည်းလမ်းရှာဖွေခဲ့တာဖြစ်ပါတယ်။

"ကိုဗစ်ရောဂါကြောင့် သွေးခဲခြင်းဖြစ်ပေါ်စေပြီး လူနာတွေသေဆုံးနိုင်တာကို သိထားပြီးဖြစ်ပါတယ်"လို့ မင်နီဆိုတာဆေးတက္ကသိုလ်မှ လက်ထောက်ပရော်ဖက်ဆာနဲ့ The Study ရဲ့ဦးဆောင်စာတမ်းရေးသားသူ  ဒေါက်တာဆာမက်ဟိုဇာယန်က သတင်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သွေးကျဲဆေးတွေဟာ အဆုတ်တွေ ခြေထောက်တွေ သွေးခဲဖူးတဲ့လူနာတွေမှာ သွေးခဲခြင်းကိုကာကွယ်ဖို့ သုံးစွဲရန်ညွှန်းထားတာဖြစ်ပါတယ်။Atrial fibrillation ကဲ့သို နှလုံးခုန်မမှန်ခြင်းနဲ့ ဦးနှောက်သွေးခဲခြင်းတို့ကို ကာကွယ်ရာမှာလည်း သွေးကျဲဆေးတွေကို အသုံးပြုတာဖြစ်ပါတယ်။

သွေးကျဲဆေးတွေကို ဒီလိုရောဂါတွေအတွက် ပုံမှန်သုံးနေကျဖြစ်တာကြောင့် ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူရခြင်းကိုလည်း သက်ရောက်မှုရှိနိုင်မလားဆိုတာကို လေ့လာရတာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်မှာတော့ ဗိုင်းရပ်စ်ပိုးမကူးစက်ခင် သွေးကျဲဆေးသုံးစွဲထားသူတွေဟာ အသက်အရွယ်ကြီးသူတွေ နာတာရှည်ရောဂါခံစားနေရသူတွေဖြစ်နေရင်တောင် ဆေးရုံတက်ရောက်ကုသ ခံရမှု နည်းပါးနေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

The Study က ၂၀၂၀ မတ်လ ၄ရက်မှ ဩဂုတ်လ ၂၈ ရက်အထိ လူလတ်ပိုင်း ကိုဗစ်လူနာ ၆၁၉၅ ဦးကို လေ့လာတွက်ချက်ကြည့်ရာ ၅၉၈ ကချက်ချင်းဆေးရုံတင်ကုသလိုက်ရပြီး ၅၅၉၇ ဦးက ပြင်ပလူနာအနေနဲ့ ကုသမှုခံခဲ့ရတာကို တွေ့ရှိခဲ့ပါတယ်။

ပြင်ပလူနာတွေထဲမှာမှ လူနာ ၁၆၀ ကသွေးကျဲဆေးသုံးစွဲနေသူတွေဖြစ်ပြီး ၃၃၁ ယောက်ကတော့ တဖြည်းဖြည်းနဲ့ ဆေးရုံတက်ရောက်လိုက်ရပါတယ်။ ရောဂါစစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ သွေးကျဲဆေးသုံးစွဲနေတဲ့ ပြင်ပလူနာတွေမှာ ဆေးရုံတက်ရောက်ကုသခံယူရမှုဟာ ၄၃ ရာခိုင်နှုန်းလျော့နည်းနေတာကို တွေ့ရှိရပါတယ်။

ဘယ်သွေးကျဲဆေးအမျိုးအစားဖြစ်ဖြစ် ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် သွေးကျဲဆေးအသုံးပြုခြင်းဟာ ဆေးရုံတက်ရောက်နေရတဲ့လူနာတွေအတွက်လည်း အကျိုးရှိစေပါတယ်။

Source ctv news