#WorldHealth

Published - 4 Oct 2021

ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးသူတွေဟာ သူတို့ကူးစက်ခံရင်တောင် အခြားသူတွေကို သူတို့ဆီကတစ်ဆင့်ကူးစက်နိုင်ခြေ နည်းပါးဖွယ်ရှိတယ်လို့ လေ့လာမှုအသစ်တစ်ခုကတွေ့ရှိခဲ့ပါတယ်။ ကာကွယ်ဆေးဟာ ဒယ်လ်တာ မျိုးဗီဇကွဲ ကူးစက်မှုကို လျှော့ချနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ တိုးပွားလာနေတာလည်းဖြစ်ပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်က ဗြိတိန်သိပ္ပံပညာရှင်တွေဟာ ကနဦးကူးစက်မှုတစ်သိန်းခန့်ကို ခြေရာခံလိုက်ခဲ့တဲ့ အနီးကပ်ထိတွေ့ခဲ့သူ တစ်သိန်းခွဲခန့်ရဲ့ အမျိုးသားမှတ်တမ်းတွေကို စစ်ဆေးခဲ့တာပါ။ အဲဒီနမူနာတွေထဲမှာ ဖိုက်ဇာနှင့် အက်စထရာဇီနင်ကာ ကာကွယ်ဆေးတစ်မျိုးမျိုးကို အပြည့်အဝ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ထိုးနှံထားပြီးသူတွေ အပြင် ကာကွယ်ဆေးမထိုးထားသေးသူတွေလည်းပါဝင်ပါတယ်။

အဲဒီနောက်သုတေသနပညာရှင်တွေဟာ ကာကွယ်ဆေးထိုးထားပြီးသူတစ်ယောက် အယ်လ်ဖာ သို့မဟုတ် ဒယ်လ်တာ ကူးစက်ခံရရင် အဲဒီကနေ ထပ်ပြီး ကူးစက်မှုဘယ်လိုရှိသလဲဆိုတာတွေကို စစ်ဆေးခဲ့ကြပါတယ်။

ကာကွယ်ဆေးနှစ်မျိုးစလုံးက ကူးစက်မှုကို လျှော့ချပေးနိုင်ကြပါတယ်။ ဒယ်လ်တာနှင့်ယှဉ်ရင် အယ်လ်ဖာကိုပိုပြီးကာကွယ် ပေးနိုင်ပါတယ်။ဖိုက်ဇာဆေးကိုနှစ်ကြိမ်ထိုးပြီးထားသူတွေနှင့် ထိတွေ့ခဲ့သူတွေရဲ့ ၆၆ ရာခိုင်နှုန်းခန့်ဟာ သူတို့ထပ်ပြီးကူးစက်ခံရခြေနည်းပါးတာတွေ့ရပါတယ်။

အက်စထရာဇင်နီကာနှင့်ဆိုရင်လည်း ၃၆ ရာခိုင်နှုန်းဟာ ထပ်မံကူးစက်ခံရခြေနည်းပါးတယ်လို့တွေ့ရပါတယ်။
အကယ်၍ ဆေးတစ်လုံးပဲထိုးထားတယ်ဆိုရင်နှင့် ကိုဗစ်ဆေးထိုးထားပြီးကူးစက်ခံထားရသူဆီက ပြန်ကူးစက်နိုင်ခြေ ပိုမြင့်မားတာကို လေ့လာမှုမှာ တွေ့ရှိရါပတယ်။
 
ဒီလေ့လာမှုကို အွန်လိုင်းတင်ထားပြီး ပညာရှင်းအချင်းချင်းပြန်သုံးသပ်တာမပြုလုပ်ရသေးပါဘူး။

ဒယ်လ်တာကူးစက်ခံထားရတဲ့ ကာကွယ်ဆေးထိုးပြီးသူတွေဟာ အခြားသူတွေကို ဘယ်လောက်အတိုင်းအတာအထိ ကူးစက်နိုင်သလဲဆိုတဲ့ မေးခွန်းနှင့်ပတ်သက်လို့ အခုလေ့လာမှုဟာ အရည်အသွေးအမြင့်ဆုံးလေ့လာမှုဖြစ်တယ်လို့ ပင်န်စီဗီးနီးယားတက္ကသိုလ်ရဲ့ ကူးစက်ရောဂါဆရာဝန် ဒေါက်တာအာရွန်ရစ်ချာမင်းက ပြောပါတယ်။ သူက ဒီလေ့လာမှုမှာ ပါဝင်ခဲ့သူမဟုတ်ပါဘူး။

Source NBC News