#LocalPolitics

+++++++++++++++++++++++++++++++++++

Published 4 October 2021

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံအတွက် အောက်တိုဘာ ၃ရက် တနင်္ဂနွေဆုတောင်းပွဲမှာ ဆုတောင်းပေးလိုက်တယ်လို့ ဗာတီကန်သတင်းမှာ ဖော်ပြထားပါတယ်။

ဗာတီကန်ရဲ့ စိန့်ပီတာရင်ပြင်က အန်ဂျလတ်စ် ဆုတောင်းပွဲမှာ သူက ပြီးခဲ့တဲ့နှစ်တွေအတွင်း နာကျင်မှုများစွာခံစားနေခဲ့ရတဲ့ ချစ်မြတ်နိုးရသော မြေအတွက် ငြိမ်းချမ်းရေးဆုကို ပေးသနားဖို့အသနားခံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

“ထိုနေရာတွင်နေထိုင်သော လက်များဟာ နာကျင်ခြင်းနှင့်သေဆုံးခြင်းများရဲ့ မျက်ရည်စက်များကို ထပ်မံပြီး သုတ်ပစ်စရာ မလိုပဲရှိပါစေ၊သို့သော် ထိုလက်များသည် အတူတကွလက်တွဲ၍ အခက်အခဲများကိုကျော်လွှားနိုင်ပါစေ၊လာမည့် ငြိမ်းချမ်းမှုအတွက် အတူတကွလုပ်ဆောင်နိုင်ပါစေ” ဟု ဆုတောင်းပေးခဲပါတယ်လို့ သိရပါတယ်။

Source Vatican News