#WorldNews

+++++++++++++++++++++++++++++++++++++++++++++

Published 4 October 2021

အင်ဒိုနီးရှားရှိ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့က သမုဒ္ဒရာပြင်မှာ ပလတ်စတစ်စုပြုံလာမှုပြဿနာကို ထောက်ပြချင်တဲ့အနေနဲ့ ပလတ်စတစ်တွေနဲ့သာ တည်ဆောက်ထားတဲ့ ပြတိုက်တစ်ခုကို ဖန်တီးခဲ့ပြီး လူသားတွေရဲ့ တစ်ခါသုံးပလတ်စတစ်အိတ်နဲ့ ပုလင်းတွေ သုံးတတ်တဲ့အမူအကျင့်ကို စဉ်းစားသုံးသပ်နိုင်အောင် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

အရှေ့ဂျာဗားရဲ့ ဂရက်ဆစ်မြို့မှာရှိတဲ့ ဒီပြခန်းကို သုံးလအချိန်ယူတည်ဆောက်ခဲ့ရပြီး ရေထုညစ်ညမ်းနေတဲ့ မြစ်တွေကမ်းခြေတွေကရတဲ့ ပုလင်းတွေ အိတ်ကြီးအိတ်ငယ်တွေ ပိုက်တွေ အစရှိတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၁၀၀၀၀ ကျော်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။အဲဒီက အထင်ကရအစိတ်အပိုင်းကတော့ ဂျာဗားလူမျိုးတွေ ကိုးကွယ်လေ့ရှိတဲ့ ကြွယ်ဝခြင်းနတ်သမီးဂျူဝီဆရီရဲ့ ရုပ်ထုပဲဖြစ်ပါတယ်။ ရုပ်ထုရဲ့ စကတ်ရှည်ကြီးကို အိမ်သုံးပစ္စည်းတွေကနေရတဲ့ တစ်ခါသုံးပလတ်စတစ်အိတ်ကလေးတွေနဲ့ လုပ်ထားတာဖြစ်ပါတယ်။

"လူတွေကို တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ မသုံးဖို အသိပေးချင်တာဖြစ်ပါတယ်" လို ပြတိုက်တည်ထောင်သူ ပရီဂီအာရီစန္ဒီက ဆိုပါတယ်။"ဒီပလတ်စတစ်တွေကို ပြန်လည်အသုံးချဖို့က အတော်ခက်ခဲပါတယ်၊ ကျွန်တော်တို့ဝမ်းစာအရင်းအမြစ်ဖြစ်တဲ့ သမုဒ္ဒရာပင်လယ်တွေကို ညစ်ညမ်းစေတဲ့အတွက် ဒီနေ့ကစပြီး တစ်ခါသုံးပလတ်စတစ်တွေကို မသုံးစွဲသင့်တော့ပါဘူး" လို့ ဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားကျွန်းစုနိုင်ငံမှာ ပလတ်စတစ်ပြဿနာဟာ အတော်ဆိုးရွားနေပြီး ပင်လယ်ပြင်မှာ ပလတ်စတစ်စုပုံမှုပမာဏဟာ တရုတ်ပြီးရင် ဒုတိယအများဆုံးနိုင်ငံဖြစ်နေပါတယ်။

သမုဒ္ဒရာပြင်မှာ ပလတ်စတစ်စုပုံရဲ့ တဝက်ကျော်ဟာ ဖိလစ်ပိုင် ဗီယက်နမ်တိုအပါအဝင် ဒီ ၄ နိုင်ငံနဲ့ သက်ဆိုင်နေပြီး ပလတ်စတစ်ထုပ်ပိုးခြင်းကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေတဲ့ အင်ဒိုနီးရှားတို့ကြောင့် ခန့်မှန်းရခက်စေပါတယ်။ပြီးခဲ့တဲ့လအစောပိုင်းက ဖွင့်လှစ်ခဲ့တဲ့ ဒီပြခန်းဟာ လာရောက်လည်ပတ်သူ ၄၀၀ ကျော်ပြီဖြစ်ပါတယ်။ကျောင်းသားဖြစ်သူ အာမက်ဇိုင်နူရီကတော့ ဒီပြဿနာဘယ် လောက်ကြီးမားသလဲဆိုတာကို သိမြင်လိုက်ရတယ်လို့ ဆိုပါတယ်။


"ချည်ထည်အိတ်တွေ ပြောင်းသုံးပြီး သောက်စရာကိုလည်း ဖန်ခွက်နဲ့ပဲ သောက်တော့မယ်" လို့ ထိုကျောင်းသားက ဆိုပါတယ်။ဒီပြတိုက်ဟာ ဆိုရှယ်မီဒီယာတွေမှာ တင်ဖို့အတွက် ဓာတ်ပုံရိုက်ဖို့ နေရာကောင်းဖြစ်လာပြီး လည်ပတ်သူတွေက ထောင်ပေါင်းများစွာသော ရေဗူးတွေချိတ်ဆွဲထားတဲ့နောက်ခံကို ကျောပေးပြီး ဓာတ်ပုံရိုက်ကြတာဖြစ်ပါတယ်။

"ပလတ်စတစ်ဗူးတွေ ဝယ်မယ့်အစား ပြန်သုံးလို့ရမယ့် သောက်ရေဗူးတွေပဲ ဝယ်တော့မယ်၊ ဒီလောက်များတဲ့ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို ကြည့်ပြီး ဝမ်းနည်းမိတယ်" လို့ ကျောင်းသူအေယူရှန်ဒရာဝူလန်က ပြောပါတယ်။

Source REUTERS