#WorldHealth

++++++++++++++++++++++++++++++++++++++

Published - 3 Oct  2021

Merck & Co မှ စမ်းသပ်ထုတ်လုပ်နေတဲ့ ဗိုင်းရပ်စ်ကုသဆေးဟာ ကိုဗစ်ရောဂါပြင်းထန်နေတဲ့ လူနာအများစုရဲ့ သေဆုံးမှုနှုန်းကို တဝက်အထိလျှော့ချနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ဆိုလိုက်ပါတယ်။

မော်နူပီရာဗီယာဆေးဟာ ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇကို အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်စေပြီး ထုတ်လုပ်ဖို့ခွင့်ပြုချက်ရခဲ့ရင်တော့ ကိုဗစ်ရောဂါကုသဖို့အတွက် ပထမဦးဆုံးသော သောက်ဆေးဖြစ်လာမှာပါ။

ကုသဆေးကို မြန်နိုင်သမျှမြန်အောင် ထုတ်လုပ်ဖိုအတွက် အမေရိကန်အရေးပေါ်ဌာနခွင့်ပြုချက် ရယူပြီး နိုင်ငံတကာမှာပါ ဖြန့်ဖြူးနိုင်ဖို့အထိ လုပ်ဆောင်သွားမယ်လို မာ့ခ်နဲ့ တွဲဖက်ဖြစ်တဲ့ ရစ်ဂ်ျဘက်ခ်ပဋိဇီဝထုတ်လုပ်ရေးတို့က ဆိုလိုက်ပါတယ်။

ကိုဗစ်ရောဂါပြင်းထန်တဲ့ လူနာ ၇၇၅ ဦးမှ ဆေးရုံတက်ရောက်ကုသမှုနှုန်းနဲ့ သေဆုံးမှုနှုန်းတိုကို မာ့ခ်အဖွဲအစည်းက လေ့လာရာ မော်နူပီရာဗီယာဆေး တစ်နေ့နှစ်ကြိမ်ဖြင့် ငါးရက်သောက်ခိုင်းသော လူနာ ၇.၃ ရာခိုင်နှုန်းဟာ ဆေးရုံတက်ရောက်ကုသပြီး ၂၉ ရက်အကြာ ကုသအပြီးမှာ သေဆုံးမှုမရှိကြောင်း တွေ့ရှိရပါတယ်။

"ကိုဗစ်ရောဂါကုသဖို့အတွက် ဘေးကင်းစိတ်ချစွာနဲ့ ဈေးသက်သာပြီး ထိရောက်တဲ့ သောက်ဆေးပေါ်လာတာဟာ အလွန်တိုးတက်တဲ့အခြေအနေဖြစ်ပါတယ်" လို အောက်စ်ဖိုဒ့်တက္ကသိုလ် ကူးစက်ရောဂါရှာဖွေရေးဌာနမှ ပရော်ဖက်ဆာပီတာဟော်ဘီက ဆိုပါတယ်။

ဆက်လက်ပြီး မာ့ခ်က မော်နူပီရာဗီယာဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးရိုးကွဲအားလုံးအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ပြီး လက်ရှိမှာသေဆုံးမှုနှုန်းမြင့်မားစေတဲ့ ဒယ်လ်တာမျိုးကွဲအတွက်လည်း ထိရောက်တယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရက ဆေးတစ်စုံကို ဒေါ်လာ ၇၀၀ ဖြင့် မော်နူပီရာဗီယာဆေး ၁.၇ သန်းအတွက် စာချုပ်ချုပ်ထားပါတယ်။

Source REUTERS.