#WorldHealth

++++++++++++++++++++++++++++++++++++++

Published -  3 Oct  2021

Johnson & Johnson ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကြောင့် သွေးပြန်ကြောတွေမှာ ရှားပါးသွေးခဲခြင်းဟာ ဆက်စပ်နေနိုင်ပြီး ကာကွယ်ဆေးကြောင့်ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ထည့်သွင်းဖော်ပြသင့်ကြောင်း ဥရောပသမဂ္ဂဆေးဝါးထိန်းသိမ်းရေးက သောကြာနေ့မှာ ဖော်ထုတ်လိုက်ပါတယ်။

J&J ကိုဗစ်ကာကွယ်ဆေးနဲ့ အက်စ်ထရာဇန်နကာဆေးအနေနဲ့ ကိုယ်တွင်းသွေးယိုထွက်ခြင်းကို ဘေးထွက်ဆိုးကျိုးအဖြစ် ထည့်သွင်းသင့်တယ်လို့ ဥရောပဆေးဝါးအေဂျင်စီကလည်း အကြံပြုလိုက်ပါတယ်။

ဒီလိုဖြစ်ရပ်တွေဟာ အလွန်ရှားပါးပေမယ့် အာဏာပိုင်တွေနဲ့ အနီးကပ်အလုပ်လုပ်နေရတဲ့အတွက် ဒီအချက်အလက်တွေကို အလျဉ်းသင့်သလို ပြင်ဆင်သွားမယ်လို့ J&J ကဆိုပါတယ်။

J&J နဲ့ အက်စ်ထရာဇန်နကာဆေးတို့ဟာ သွေးကြောတွင်သွေးခဲခြင်း ကိုယ်တွင်းသွေးယိုထွက်ခြင်းတို့နဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။

J&J ရဲ့ဆေးအညွှန်းမှာ ကိုယ်တွင်းသွေးယိုထွက်ခြင်းအပြင် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ သွေးကြောတွင်အစိုင်အခဲပိတ်ခြင်း ဆိုးကျိုးကိုပါ ဖြည့်စွက်ထည့်သွင်းကြောင်း ဥရောပဆေးဝါးအေဂျင်စီက ဆိုလိုက်ပါတယ်။

Source REUTERS