#WorldHealth

+++++++++++++++++++++++

Published 2 Oct 2021

ဩစတြေးလျက တရုတ်ဆိုင်နိုဗက်ဘိုင်အိုတက်ခ်လီမိတက်ရဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ အိန္ဒိယထုတ် အက်စ်ထရာဇန်နကာဆေးတို့ကို အသိအမှတ်ပြုလိုက်ပြီဖြစ်ပြီး ထိုကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံရပ်ခြားခရီးသွားတွေနဲ့ နိုင်ငံရပ်ခြားကျောင်းသားတွေ ပြည်ဝင်ခွင့်ရပြီဖြစ်ကြောင်း အဆိုပြုထားပါတယ်။

ဩစတြေးလျက ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန်ကန့်သတ်ချက်ထားမှုအချို့ကို စတင်ဖြည်လျှော့ဖို ပြုလုပ်နေပါတယ်။

ဘေဂျင်းအခြေစိုက်ထုတ်လုပ်တဲ့ ဆိုင်နိုဗက်ဆေးဟာ အရေးပေါ်အခြေအနေအတွက် အသုံးပြုနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) က အသိအမှတ်ပြုထားပေမယ့် ယူကေနဲ့ နယူးဇီလန်တို့ကတော့ အတည်မပြုသေးပါဘူး။

အချို့ဥရောပနိုင်ငံတွေကတော့ ကာကွယ်ဆေးထိုးပြီးသားသူတွေကို ဝင်ခွင့်ပေးတဲ့အစီအစဉ်မှာ ကိုရိုနာဗက်လို ဆေးကိုလက်ခံမယ်လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ အမေရိကန်ကလည်း ကာကွယ်ဆေးထိုးထားသူ နိုင်ငံခြားသားအများစုကို ဝင်ခွင့်ပေးဖို့ အစီအစဉ်တွေ ကြေညာတာမျိုး ပြုလုပ်ခဲ့ပါတယ်။

သောကြာနေ့ကထုတ်ပြန်တဲ့ ကြေညာချက်အရ ရောဂါကပ်ဆိုးအတွင်း ဩစတြေးလျမှ ထွက်ခွာခဲ့ရတဲ့ နိုင်ငံရပ်ခြားကျောင်းသားများအဖို့ ပြန်ဝင်ခွင့်ရဖို့ အခွင့်အလမ်းဖြစ်နေပါတယ်။

နိုင်ငံတကာပညာရေးကျောင်းတွေဟာ တိုင်းပြည်အခွန်ဘဏ္ဌာရဲ့ အဓိကအမြတ်အစွန်းဖြစ်ပြီး ၂၀၁၉ မှာ နယူးဆောက်ဝေးလ်စ်တက္ကသိုလ် တစ်ခုတည်းနဲ့တင် ဩစတြေးလျဒေါ်လာ ၁၄.၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ) ရရှိခဲ့ပါတယ်။

“သိပ်မကြာခင်မှာပဲ ဒီနိုင်ငံတကာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်တယ်။ နောက်လလောက်ဆို အကောင်အထည်ဖော်ဖို့ ရှိပါတယ်” လို ဝန်ကြီးချုပ်စကော့မော်ရစ်ဆန်က ဆိုပါတယ်။

ဆိုင်နိုဗက်ကာကွယ်ဆေးနဲ့ ဆိုင်နိုဖန်တို့ဟာ တရုတ်မှာ အသုံးများကြပြီး ကိုဗစ်ကာကွယ်ရာမှာ ၅၀ မှ ၈၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိပါတယ်။

ဆိုင်နိုဗက်ဟာ အသုံးအများဆုံးကာကွယ်ဆေးတွေထဲက တစ်မျိုးဖြစ်ပြီး အင်ဒိုနီးရှားကစလို ဘရာဇီးလ် တူရကီအထိ အသုံးပြုနေကြပါတယ်။

အသက် ၆နှစ်မှ ၁၁နှစ်အတွင်း ကလေးတွေကို စတင်ထိုးနှံနိုင်တော့မှာဖြစ်ကြောင်း ချီလီနိုင်ငံကလည်း ဒီအပတ်အစောပိုင်းမှာ ကြေညာလိုက်ပါတယ်။

Source Bloomberg