#WorldHealth

++++++++++++++++++++++++

Published- 2 Oct 2021

တုပ်ကွေးကာကွယ်ဆေး ၃မျိုးနဲ့ ဖိုင်ဇာ ဒါမှမဟုတ် အက်စ်ထရာဇန်နကာ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ချက်တွေအရ ဘေးထွက်ဆိုးကျိုး သာမန်အနည်းငယ်မျှသာ တွေ့ရကြောင်း ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေး တပြိုင်နက်ထိုးနှံခြင်းဟာ ဘေးကင်းစိတ်ချရကြောင်း၊

ကာကွယ်ဆေးတွေကရမယ့် ကိုယ်ခံအားကို ဆိုးကျိုးသက်ရောက်မှု မရှိစေကြောင်း ကြာသပတေးနေ့က ဗြိတန်လေ့လာချက်တစ်ခု တွေ့ရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ကန့်သတ်ချက်တွေနဲ့ ခပ်ခွာခွာနေထိုင်မှုတွေ ဖြည်လျှော့လာတဲ့တိုင်အောင် ခက်ခဲကြမ်းတမ်းမယ့် ဆောင်းရာသီနဲ့ ဖြစ်လာနိုင်တဲ့ တုပ်ကွေးရောဂါ အတွက် ဗြိတိန်နဲ့ အခြားမြောက်ပိုင်းနိုင်ငံတွေကတော့ အားတင်းထားရဦးမှာ ဖြစ်ပါတယ်။

ဗြိတိန်ရှိ သက်ကြီးရွယ်အိုနဲ့ ရောဂါခံရှိသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ထပ်မံထိုးနှံနေကြပြီး ဒီနှစ်အတွင်းမှာပဲ သမိုင်းတလျှောက် အကြီးကျယ်ဆုံး တုပ်ကွေးကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်ကို လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးချုပ်ဘော်ရစ်ဂျွန်ဆန် အစိုးရအဖွဲ့က ကတိပြုပြောကြားလိုက်ပါတယ်။

တုပ်ကွေးကာကွယ်ဆေး ၃မျိုးနဲ့ ဖိုင်ဇာ ဒါမှမဟုတ် အက်စ်ထရာဇန်နကာ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ချက်တွေအရ ဘေးထွက်ဆိုးကျိုး သာမန်အနည်းငယ်မျှသာ တွေ့ရကြောင်း ဘရစ္စတိုတက္ကသိုလ်ကဦးဆောင်တဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

“ဒါဟာ ကာကွယ်ဆေး ၂မျိုးလုံးထိုးဖို့ လိုအပ်နေတဲ့သူတွေအတွက် ရက်ချိန်းတွေ အများကြီးလုပ်စရာမလိုတော့တာမို့လို့ တကယ်ကိုအဆင်ပြေစေမှာပါ” လို့ စုံစမ်းရေးမှူးချုပ်ရာဂျယ်ကာလာဇာရပ်စ်က ဆိုပါတယ်။

“ဒီရလာဒ်တွေကို ကာကွယ်ဆေးထိုးနှံရေးနှင့် ခုခံအားမြှင့်တင်ရေးကော်မတီ (JCVI)  ဆီ တင်ပြပြီး အနာဂတ်မှာ ဒီလိုအရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွေ ချမှတ်ဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်”လို့ ပြောဆိုသွားပါတယ်။ ထိုးနှံသူ ၉၇ ရာခိုင်နှုန်းက အနာဂတ်မှာ ရက်ချိန်းတစ်နေရာတည်းမှာပဲ ကာကွယ်ဆေး ၂မျိုးထိုးဖို့ ဆန္ဒရှိတယ်လို့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

Source THE JERUSALEM POST