#WorldNews

Published 2 Oct 2021

အသစ်တင်သွင်းထား ဥပဒေမူကြမ်းဟာ မီဒီယာတွေရဲ့ ထိရောက်စွာ သတင်းတင်ဆက်မှုကို ယုတ်လျော့စေနိုင်ကြောင်း အမှန်တရားဘက်တော်သားတွေက သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့သမ္မတ မွန်းဂျယ်အင်နဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ မီဒီယာတွေရဲ့ သတင်းအမှားဖော်ပြမှုတွေကို အဆုံးသတ်ဖို လပေါင်းများစွာ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမဲ့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဘယ်သူကမှ တိတိကျကျလက်မခံနိုင်တာကြောင့် ဒီမူကြမ်းကို ရွေ့ဆိုင်းထားရပါတယ်။

မစ္စတာမွန်းပါတီအနေနဲ့ အုပ်ချုပ်ရေးသက်တမ်း ၅ နှစ်မပြည့်ခင်မှာ ဒီမူကြမ်းကိုနောက်ဆုံး ပြင်ဆင်ချက်အနေနဲ့ ဩဂုတ်လမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေဟာ အင်တာနက်မှ မီဒီယာသတင်းတွေ ဖတ်ရှုပြီး ထိုသတင်းတွေကို ယုံကြည်လာတာကြောင့် သတင်းမှားပျံ့နှံမှုဟာ ကမ္ဘာတဝန်းအထိဖြစ်လာပြီး နိုင်ငံရေးသဘောထားကွဲလွဲမှု၊ ရွေးကောက်ပွဲအခြေအနေ ရှုပ်ထွေးလာမှုနဲ့ ရောဂါကပ်ဆိုး ထိန်းချုပ်ရေးတို့ထိ ပါဝင်ပတ်သက်နေပါတယ်။

သတင်းစာနဲ့ ဆိုရှယ်မီဒီယာက သတင်းတွေကြောင့် နောက်နှစ်သမ္မတရွေးကောက်ပွဲမှာ အကျင့်ပျက်ခြစားမှုတွေ ရှိတယ်ဆိုပြီး မခိုင်လုံတဲ့သတင်းမှားတွေ ပျံ့နှံ့သွားပါတယ်။

ဒီနိုင်ငံမှာ အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်းစီကို အန္တရာယ်ဖြစ်စေတဲ့ သတင်းမှားတွေအတွက် သတ်မှတ်ပြဌာန်းဖို့ ပိုမိုလိုအပ်လာပြီဖြစ်ကြောင်း မစ္စတာမွန်းက ဆိုပါတယ်။

မစ္စတာမွန်းအစိုးရအဖွဲ့က ရပ်တည်ပေးလေ့ရှိတဲ့ တောင်ကိုရီးယားရှိ ဂျာနယ်အဖွဲ့အစည်းက ထိုဥပဒေမူကြမ်းကို ဝေဖန်လိုက်ပြီး အဓိကအတိုက်အခံပါတီ People Power Party ကတော့ ဒါဟာမီဒီယာတွေကို နှုတ်ပိတ်ပြီး အာဏာရှင်ဆန်တဲ့ လုပ်ရပ်ပဲလို ဆိုလိုက်ပါတယ်။

ဥပဒေမူကြမ်းအရ ဒဏ်ကြေးဟာ သတင်းမှားကြောင့် ဖြစ်ပေါ်လာတဲ့ တကယ့်ဆုံးရှုံးမှုရဲ့ ငါးဆအထိ ပေးဆောင်ခိုင်းမှာဖြစ်ပြီး မစ္စတာမွန်းပါတီကတော့ ဒီလိုကြီးမားတဲ့ဒဏ်ကြေးဆောင်စေတာဟာ မီဒီယာတွေအနေနဲ့ သတင်းအချက်အလက်တွေကို သေချာစိစစ်စေချင်တဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။

ဥပဒေမူကြမ်းကို ဆက်သွားဖို့စွန့်စားရာကျတယ်လို့ မစ္စတာမွန်းပါတီအဖွဲ့က သတိထားမိပြီး ဥပဒေပြဌာန်းသူတွေကလည်း ထိုမူကြမ်းကို ရပ်ဆိုင်းကာ အတိုက်အခံပါတီတွေကို ဒီနှစ်မကုန်ခင်အထိ ဆွေးနွေးညှိနှိင်းခွင့်ပြုလိုက်ပါတယ်။

မစ္စတာမွန်းအစိုးရအဖွဲ့နဲ့ မပြေမလည်အနေအထားမှာရှိတဲ့ တောင်ကိုရီးယားရဲ့ အဓိကသတင်းစာတိုက်တွေဟာ အစိုးရအဖွဲ့အတွင်းရှိ မူဝါဒတွေ အကျင့်ပျက်မှုတွေကို အတော်လေးဝေဖန်ထားပါတယ်။

သတင်းမှားထုတ်ဝေမှုတွေအတွက် ပြင်းထန်စွာဒဏ်ရိုက်ခြင်းကို လက်လျှော့မှာမဟုတ်ဘူးလို့ အင်္ဂါနေ့မှာ လက်ရှိအစိုးရအဖွဲက အခိုင်အမာဆိုလိုက်ပါတယ်။

“တာဝန်ယူမှုမရှိတဲ့ သတင်းမှားထုတ်ဝေမှုတွေကြောင့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ ထိခိုက်ဒုက္ခရောက်တာမျိုးတွေကို ဘာမှမဖြစ်သယောင်ဆောင်နေလို မဖြစ်တော့ဘူး”လို့ ပါတီအကြီးအကဲဖြစ်သူ ဆောင်ယန်ဂီက ဩဂုတ်လမှာ ပြောကြားလိုက်ပါတယ်။

Source The New York Times