#WorldPolitics

++++++++++++++++++++++++++++++++++++++

Published - 2 October 2021

တူရကီက S-400 လေယာဉ်ပစ်လက်နက်ဝယ်ယူမှုကို အမေရိကန်က တုံ့ပြန်လိုက်ပြီး ရုရှားဆီကနေ လက်နက်ထပ်ဝယ်ယူနေပါက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်သွားမယ်လို့ တူရကီကို သတိပေးလိုက်ပါတယ်။

တူရကီသမ္မတရီဆက်တေရစ် အာဒိုဂန်က ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ဒီအပတ်အစောပိုင်းမှာတွေ့ဆုံပြီး စစ်လေယာဉ် ရေငုပ်သင်္ဘောတွေအပါအဝင် စစ်တပ်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အစီအစဉ်တွေအကြောင်း ဆွေးနွေးအပြီးမှာတော့ အမေရိကန်က ဒီလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီဟာ ၂၀၁၇ တုန်းက အမေရိကန်ကိုအာခံပြီး S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဝယ်ယူဖို့ ပြုလုပ်ခဲ့ပါတယ်။ဒီလိုဝယ်ယူလိုက်ခြင်းဖြင့် ရုရှားဟာ အမေရိကန်နှင့် အနောက်ဥရောပလေယာဉ်တွေကို ပစ်မှတ်ထားပြီး သူ့ရဲ့ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်နေမှာကို အနောက်အုပ်စုမဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။

"S-400 လက်နက်တွေ မထားရှိဖိုနဲ့ ရုရှားဆီကနေ နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ မဝယ်တော့ဖို့ တူရကီကို အခွင့်ကြုံတိုင်း တိုက်တွန်းခဲ့ပါတယ်" လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"ဒီလိုတွေဆက်လုပ်နေရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို တူရကီအနေနဲ့ သိရှိနားလည်ဖိုလိုပါတယ်" လို့ ရှာမန်ကဆိုပါတယ်။ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ တူရကီကုမ္ပဏီတွေပါဝင်ပြီး လေယာဉ်အစီး ၁၀၀ လောက်ရရှိနိုင်မယ့် F-35 ဂျက်လေယာဉ်အစီအစဉ်ကနေ တူရကီကို အမေရိကန်က ထုတ်ပယ်လိုက်ပါတယ်။ ဒါပေမဲ့ ကာဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူညီပြီး သန်းချီတဲ့ဆီးရီးယားဒုက္ခသည်တွေကို လက်ခံခဲ့တဲ့ အခြေအနေတွေကိုထောက်ပြကာ အမေရိကန်က တူရကီနဲ့ဆက်ဆံရေးကို အလေးထားပါတယ်လို့ ရှာမန်ကဆိုပါတယ်။

"တူရကီက အမေရိကန်ကို အကဲစမ်းလေ့ရှိပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်ကို သူတိုက စိန်ခေါ်စရာတစ်ခုလို မြင်ခဲ့လိုပါ။ ဒါပေမဲ့ သူတိုက အလေးထားရတဲ့ နေတိုးအဖွဲဝင်ပါလို့ ရှာမန်က ပြောလိုက်ပါတယ်။

Source CNA