#WorldPolitics

Published- 2 Oct 2021

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီးက သူဟာ နိုင်ငံရေးက အနားယူနေပြီလို့ ပြောလိုက်ပါတယ်။ ဒီလို အံအားသင့်စရာကောင်းတဲ့ ပြောဆိုမှုဟာ သူ့သမီးကို သူ့နေရာဆက်ခံဖို့ ပြိုင်နိုင်အောင် လမ်းဖွင့်ပေးနေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ပိုပြီးမီးမွှေးပေးလိုက်တာပဲဖြစ်ပါတယ်။

“ ကျွန်တော် နိုင်ငံရေးကအနားယူတာကို ဒီနေ့ကြေညာပါတယ်” လို့ ဒူတာတီးက ပြောပါတယ်။

သူနှင့်အတူ ဒုတိယသမ္မတ အဖြစ်ယှဉ်ပြိုင်ဖို့မှတ်ပုံတင်လိုက်တဲ့ အာဏာရပါတီ ပီဒီပအီလာဘန်းက သူ့ရဲ့သစ္စာရှိလူယုံ ဆီနိတ်အမတ် ခရစ်စတိုဖာ ဘွန် လည်း ရှိနေပါတယ်။

ဒူတာတီးဟာ ဒုတိယသမ္မနေရာ ဝင်ပြိုင်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ သူဟာ ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခြောက်နှစ်သက်တမ်းတစ်ကြိမ်သာ ကန့်သတ်ထားလို့ နောက်တစ်ကြိမ် သမ္မတဝင်ပြိုင်လို့ မရခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးစောင့်ကြည့်သူတွေကတော့ လာမယ့်နှစ်မှာ သူ့သမီး ဆာရာဒူတာတီးကာပီယိုက သမ္မတအဖြစ်ဝင်ပြိုင်တာမျိုး အံအားတသင့်ဖြစ်ရာ လုပ်နိုင်တယ်လို့ ကာလရှည်ကြာသံသယရှိလာခဲ့ကြပါတယ်။

သူ့ဖခင်နေရာဖြစ်တဲ့ ဒါပါအိုမြို့တော်ဝန်နေရာကို ရထားတဲ့ ဒူတာတီးကာပီယိုဟာ သူမအနေနှင့် လာမယ့်နှစ်မှာ ဒီထက်မြင့်တဲ့ ရာထူးနေရာအတွက်ဝင်ပြိုင်မှာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၂မှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကသာ နိုင်ငံအဆင့် နေရာ ဝင်ပြိုင်မယ်လို့ သဘောတူထားကြလို့ဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ပြောထားခဲ့ပါတယ်။

အဖေဒူတာတီးက လာမယ့်နှစ် ဝင်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာဟာ သမီးအတွက် လမ်းဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ်။

“ ဆာရာဒူတာတီးကို ဝင်ပြိုင်ဖို့ခွင့်ပြုလိုက်တာပဲ” လို့ အင်တန်နီယိုမနီလာတက္ကသိုလ်ရဲ့ ဥပဒေနှင့်နိုင်ငံရေးရာ ပါမောက္ခ အင်တိုနီယိုလာဗင်နာက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေဟာ သောကြာနေ့အထိ မှတ်ပုံတင်လို့ရပါတယ်။ဒါပေမယ့် နိုဝင်ဘာ ၁၅ရက်အထိ ပြန်ရုပ်သိမ်းတာ အစားထိုးတာ လုပ်လို့ရပါသေးတယ်။

နောက်ဆုံးအချိန်မှာအပြောင်းအလဲလုပ်တာမျိုးရှိလာနိုင်ပါတယ်။ ၂၀၁၆ခုနှစ်မှာ ဒူတာတီးဟာ ၁၁နာရီအလိုမှာ ဝင်လာတာမျိုးဖြစ်တဲ့အကြောင်း ရိုက်တာကသတင်းရေးသားပါတယ်။

Source :Reuters