Published 27 Nov 2022

❇️ အစိုးရအဖွဲ့ကို အရွယ်အစားလျှော့ချပစ်မည်ဖြစ်ကာ အစိုးရအဖွဲ့ဝန်ကြိးတွေကို မြှောက်စားလို၍ ခန့်ထားခြင်းမျိုး ရှောင်ရှားမည်ဟု မလေးရှားဝန်ကြီးချုပ်အသစ် အန်ဝါ အီဗရာဟင်က ပြော

❇️ “ သူတို့ဟာ ကျွန်တော့်ရဲ့မူဝါဒတွေနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်အသက်သွင်းရေးကိုဦးတည်တဲ့ ကျွန်တော့်ရဲ့ ကတိကဝတ်တွေကို အထောက်အကူပြုစေချင်တယ်” လို့  သူက ပြော

❇️ တကယ်လိုအပ်လာလို့  ကိစ္စတစ်ခု သို့မဟုတ်နှစ်ခုလိုမျိုး ကျွန်တော်တို့စဉ်းစားနိုင်တယ်။ ဒါပေမယ့် အဲသလိုခန့်တာကို ကျွန်တော့်ကိုထောက်ခံခဲ့လို့ ပြန်ပြီး မြှောက်စားပေးတာမျိုးလို့ မြင်သွားတာမျိုးမဖြစ်သင့်ဘူး” လို့ သူက သတင်းစာရှင်းလင်းပွဲတွင်ပြော

❇️ လောလောဆယ်တွင်အစိုးရဖွဲ့ရန် ညွန့်ပေါင်းအဖွဲ့များနှင့် ဆွေးနွေးနေဆဲဖြစ်ပြီး ထိုညွန့်ပေါင်းတွင် အဓိက(၄)ပါတီပါဝင်ကာ အစိုးရအဖွဲ့ဝန်ကြီးများကို လာမည့်ရက်ပိုင်းအတွင်းခန့်အပ်မည်ဟုဝန်ကြီးချုပ်ပြော

❇️ သောကြာနေ့တွင် ဝန်ကြီးချုပ်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ရာ၌ သူက ဝန်ကြီးအဖွဲ့အရွယ်အစားကို ချုံ့ပစ်မည် ဖြစ်ကာ သူခန့်အပ်ရန် လျာထားသူများနှင့် လစာများလျှော့ယူဖို့ကိစ္စ ညှိနှိုင်းဆွေးနွေးနေဟု အန်ဝါကပြော

Source CNA

#Anwar_Ibrahim

#Malaysia_Cabinet

#Malaysia_Politics